အာဆီယံအလှည့်ကျ ဥက္ကဌတာ၀န်ယူရေးညှိနှိုင်းအစည်းအေ၀းကို
အောက်တိုဘာ ၂၉ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို(၁)၌ ကျင်းပခဲ့ပြီး
သမ္မတ ဦးသိန်းစိန်တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အမှာစကား ပြောကြားရာတွင်
သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျ ဥက္ကဌ တာ၀န်ယူခြင်းသည် နိုင်ငံတကာနှင့် ဒေသတွင်းတွင်
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ဇာတိမာန် တို့ကိုပြသနိုင်ရန် အခွင့်အလမ်းဖြစ် ကြောင်း၊
ထို့ကြောင့် အဆိုပါတာ၀န်ယူ ခြင်းကိုအမျိုးသားရေး တာ၀န်တစ်ရပ်အဖြစ် ထမ်းဆောင်စေလိုကြောင်း
စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံကိုကိုယ်စားပြု၍
တာ၀န်ထမ်းဆောင်ခွင့်ရခြင်းဖြစ်သည့် အတွက်အစိုးရသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်
နိုင်ငံသူနိုင်ငံသားများက အမျိုးသားရေး တာ၀န်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊
အစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခြင်းဖြင့် နိုင်ငံ၏လုပ်ငန်းစွမ်းရည်ကို ပြသနိုင်မည့်
အခွင့်အရေးဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသည့် သုံးနှစ်တာကာလ အတွင်းဒေသတွင်း နှင့်နိုင်ငံ
တကာ အစည်းအဝေးကြီးများ အောင်မြင်စွာ ကျင်းပနိုင်သည်ကို ကမ္ဘာအား ပြသရမည်ဖြစ်ကြောင်း
စသည်ဖြင့် နိဂုံးချုပ်ပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့်
အာဆီယံအလှည့်ကျ ဥက္ကဌတာ၀န်ကို ပြီးခဲ့သည့်အောက်တိုဘာ ၁၀ရက်က ဘရူနိုင်း နိုင်ငံထံမှ
လွှဲပြောင်းရယူခဲ့ပြီး ၂၀၁၄ခုနှစ်ဇန်နဝါရီမှ စတင်တာ၀န်ထမ်းဆောင်ရမည် ဖြစ်သည်။
မြန် မာနိုင်ငံသည်
၂၀၀၆ ခုနှစ်တွင်အာဆီယံအလှည့်ကျ ဥက္ကဌ တာ၀န်ယူရန် အခွင့်အလမ်း ပေါ် ခဲ့သော်လည်း ထိုစဉ်က
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအရ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဌတာ၀န်
ပေးသည့်အာဆီယံ နှင့်ဆက်နွယ်သောကိစ္စရပ်များအား လုံးကိုအမေရိကန် နှင့် ဥရောပ နိုင်ငံများက
သပိတ်မှောက်မည်ဟု ဆိုခြင်းကြောင့် လက်လွတ်ခဲ့ရခြင်းဖြစ်သည်။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.