0

မိုက်ကရိုဆော့ဖ် ကုမ္ပဏီမှ အောက်တိုဘာ ၁၈ ရက်တွင် ထွက်ရှိသော Window 8.1 operating system (OS) အသုံးပြုထားသည့် Iconia W4 သင်ပုန်း ကွန်ပျူတာကို Acer ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်သည်။ Iconia W4 သင်ပုန်းကွန်ပျူတာများကို အတွင်းပိုင်း မှတ်ဉာဏ် 32 GB နှင့် 64 GB နှစ်မျိုး ထုတ်လုပ်ထားပြီး အဆင့်တိုးမြှင့်နိုင်သော မှတ်ဉာဏ်များ ဖြစ်သည်။ ထပ်ဆောင်း မှတ်ဉာဏ်အဖြစ် အသေးစား မှတ်ဉာဏ်ကတ် (micro SD) အသုံးပြုနိုင်သည်။ 


32 GB ရှိ Iconia W4 သင်ပုန်းကွန်ပျူတာ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃၂၉ ဒသမ ၉၉ ဖြစ်ပြီး 64 GB မှာ ကန်ဒေါ်လာ ၃၇၉ ဒသမ ၉၉ ဖြစ်သည်။ Iconia W4 တွင် ၈ လက်မအကျယ် မျက်နှာပြင် ပါရှိပြီး နောက်ဘက် ကင်မရာမှာ 5 MP ရှိကာ auto focus စနစ် ပါဝင်သည်။ ရှေ့ဘက် ကင်မရာမှာ 2MP ရှိပြီး ထပ်ဆောင်း မှတ်ဉာဏ် 32 GB အထိ တိုးမြှင့် အသုံးပြုနိုင်သည်။ ယင်းသင်ပုန်း ကွန်ပျူတာတွင် keyboard ပါဝင်ပြီး keyboard ကို ခေါက်ထားကာ ထောင်၍ အသုံးပြုနိုင်သည်။ ယင်းသင်ပုန်းကွန်ပျူတာများကို အမေရိကန် နိုင်ငံတွင် ယခုလအတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အလေးချိန်မှာ ၀ ဒသမ ၉၁ ပေါင်ရှိပြီး ၀ ဒသမ ၄၂ လက်မ အထူသာ ရှိကြောင်း သိရသည်။ မျက်နှာပြင်အကျယ် ၈ လက်မရှိ တိုရှီဘာထုတ် Encore သင်ပုန်းကွန်ပျူတာ၊ Lenovo ထုတ် Miix2 နှင့် Dell ကုမ္ပဏီထုတ် Venue 8 Pro စသော Window 8 သုံး သင်ပုန်း ကွန်ပျူတာများ ထွက်ရှိလာစဉ်က ကုမ္ပဏီကလည်း Iconia W3 ကို ထုတ်လုပ်ခဲ့ပြီး ယခု နောက်ဆုံး ထုတ်လုပ်ထားသည့် Iconia W4 ကို တရားဝင် ထုတ်ဖော်ပြသခြင်း ဖြစ်သည်။

Ref & Credit: 7 Days News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top