0
ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မှတောင်းဆိုသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံ (Ethnic Armed Groups Coference)ကျင်းပရန် သဘောတူညီလိုက်ကြောင်းသိရသည်။

ထို ပြင် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ (Political Dialogue) ကျင်းပနိုင်ရန် အတွက်ပြင်ဆင်မူဖြစ် သည့်တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး တွင် ပါဝင်ရန်ကေအိုင်အို အားဖိတ်ခေါ်သည့်ဖြစ်သောကြောင့် ဆွေးနွေးချက်မျအား ဆက်လက် အကောင် ထည်ဖော်ဆောင် ရွက်ရန်သဘောတူညီချက်များပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နင့်  ဦးဆွမ်လွတ်ဂမ် ဦးဆောင်သောကေအိုင်အို ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့၏ ၃ရက်ကြာဆွေးနွေးမူအပြီးတွင် အထက်ပါအချက် များအား သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမူ ကို ၂၀၁၃ခုနစ် အောက်တိုဘာလ၈ရက်နေ့ မှ၁၀ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြိုနယ် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင်လေ့လာသူများအဖြစ် ကုလသမဂအထွေထွေအတွင်းရေးမူး Mr. Vijay Nambiar ၊ တရုပ်ပြည်သူသမ္မတနိုင်ငံ၏ အာရှဆိုင်ရာအထူးကိုယ်စားလှယ် Mr.Wang Yin APK Fan Pageနှင့်တိုင်းရင်းသားလက်နက်ကိုင်၁၀ ဖွဲ့ မှကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ကချင်ပြည်နယ် အတွင်းရှိတရား ၀င်နိုင်ငံရေးပါတီ များဖြစ်သည့်ပြည်ထောင်စုကြံခိုင်ရေးနင့်ဖွံဖြိုးရေးပါတီ၊အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊စည်းလုံးညီညွတ်ရေးနင့်ဒီမီုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ထိုပင်ပြီးခဲ့သည့် မေလအတွင်းဆွေးနွေးခဲ့ သည့်ရလဒ်များကြောင့် ပစ်ခတ်တိုက်ခိုက်မူများလျော့ချနိုင်ခြင်း၊နှစ်ဖက်ထိတွေ့ ဆက်ဆံမူများဆောင်ရွက်နိုင်ခြင်း၊ နယ်မြေလုံခြုံရေးအရ ရွေ့ပြောင်းနေ ထိုင်ကြသည့်ဒေသ ခံပြည်သူများ ၏ ပြန်လည် ထူထောင်ရေးအတွက်စီမံချက်များရေးဆွဲ ဆောင်ရွက်ခဲ့နိုင်ကြောင်းသိရသည်။ ထို့ ပြင်စစ်ပွဲအရှိန်လျော့ချရေးတိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး အတွက် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွား ရန် သဘောတူညီချက်များ ရရှိခဲ့ကြောင်းသိရသည်။

.
ပန်မိုးဝါ (ရိုးရာလေး)

Post a Comment

 
Top