မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး
မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို
အသုံးပြု နိုင်ပါတယ်။
အဲဒါကတော့ Flight mode/ Airplane mode သို့
ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode, Flight mode
ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application
တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data
အစရှိသဖြင့် ဖုန်းအား အသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off
လုပ်ပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန်
ဝင်တာ ကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App
တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။
နောက်ထပ်တစ်နည်းကတော့
ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ် ပါတယ်။ ဖုန်းကို
ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့
အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off
အကြိမ်များကြောင့် Data အချို့  ပျောက် ကွယ် နိုင်တာ ကြောင့် flight mode
ကိုပဲ ပိုပြီးတော့ Recommend ပေး ပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင်
ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရ
မှာ ဖြစ်ပါ တယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့
မျှော်လင့် ပါတယ်။
.
Ref: techgek
အောင်ခမ်း ( TSJ Team )
Subscribe to:
Post Comments (Atom)

Post a Comment