0

ဝယ်ယူသည့် ပစ္စည်းများအတွက် PayPal app အသုံးပြု၍ ငွေပေးချေရာတွင် မိုဘိုင်းဖုန်းအပြင် ငွေပေးချေသူ၏ မျက်နှာကိုပါ အတည်ပြု စစ်ဆေးမည့် စနစ်ကို အသုံးပြုနိုင်ရန် PayPal က စမ်းသပ်နေကြောင်း သိရသည်။

၎င်းစမ်းသပ်မှု အစီအစဉ်ကို ဗြိတိန်တွင် စတင်အသုံးပြုလျက်ရှိပြီး Richmond ခရိုင်ရှိ စတိုးဆိုင် ၁၂ ခုတွင် PayPal ငွေပေးချေ စနစ်ကို လက်ခံအသုံးပြုလျက် ရှိကြောင်းကုမ္ပဏီမှ ဆိုသည်။ PayPal app ကို iOS, Android နှင့် Windows Phone များတွင် အသုံးပြုနိုင်ပြီး ဈေးဝယ်သူများသည် အဆိုပါ စနစ်အသုံးပြုနိုင်သည့် စတိုးဆိုင်များကို ၎င်းတို့၏ ဖုန်းတွင်တွေ့မြင်ရမည် ဖြစ်သည်။ ဝယ်သူများသည် အဆိုပါ ဆိုင်များအနက်မှ တစ်ဆိုင်၏ အမည်ကို
click ပြုလုပ်ပြီး ဆိုင်၏ စနစ်သို့ check in ပြုလုပ်နိုင်ကာ ၎င်းတို့ဝယ်ယူထားသည့် ပစ္စည်းများအတွက် screen ပေါ်မှ animated pin ကို အောက်သို့ ဆွဲချပြီး ငွေပေးချေနိုင်သည်။ ထိုအခါ ငွေပေးချေသူ၏အမည် နှင့် ဓာတ်ပုံသည် စတိုးဆိုင်၏ ငွေပေးချေမှုစနစ်တွင် ပေါ်လာမည်ဖြစ်သည်။ ဝယ်သူက ပစ္စည်းအတွက် ငွေပေးချေရန် သဘောတူ သည့်အခါ ငွေသိမ်းသူက ဝယ်သူ၏ ဓာတ်ပုံကို click ပြုလုပ်ပြီး ငွေတောင်းခံလွှာ ပေးပို့နိုင်သည်။ ထိုအခါ ဝယ်သူ၏ ဖုန်းတွင်ပေးချေရ မည့် ငွေပမာဏကို PayPal ၏ ငွေတောင်းခံလွှာအတိုင်း လက်ခံရရှိ မည်ဖြစ်သည်။

PayPal ၏ အဆိုပါစမ်းသပ်မှု အစီအစဉ်တွင် Cook & Garcia, The Farmery, The Tea Box, The Bingham Hotel, Revolution, Caffé Paolo, The Cedar Coffee Shop, Urban Diner, Pier 1 Fish and Chips, Noble Jones, Hill Café ESifh Knot Coffee and Pretzel စသည့် နေရာများပါဝင်ကြောင်း သိရသည်။
-ဟေမာ
Ref: CNET

Post a Comment

 
Top