0

 
ရုံးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် စာစီစာရိုက်ခြင်းကို စနစ်တကျ လေ့လာ သင်ယူနိုင်ရန် ရည်ရွယ်၍ Office  Application 2010 သင်တန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် Window Operating System  သဘောတရားများ၊ Website ရှာဖွေခြင်း၊ Gmail Account ပြုလုပ်ခြင်း နှင့် Gmail အသုံးပြုခြင်း၊ Microsoft Word 2010 ဖြင့် ရုံးသုံး စာစီစာရိုက် ၊ စာသားပြင်ဆင်ခြင်း၊ Microsoft Excel 2010 ဖြင့်  စာရင်းဇယားများ ပြုစုခြင်း၊ ထည့်သွင်းခြင်း Data စီ ခြင်း၊ Filter စစ်ထုတ်ခြင်း၊ Microsoft Powerpoint 2010 ဖြင့် Presentation တစ်ခု ဖြစ်လာစေရန် စာသား ပြင်ဆင်ခြင်း၊ Background Design ထည့်ခြင်း၊ Adobe Pagemaker 7 ဖြင့် စာစီစာရိုက်ခြင်း၊ Journal Design, Layout Design ကြော်ငြာဒီဇိုင်းများ ပြုလုပ်ခြင်း စသည်တို့ကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


 သင်တန်းအပ်နှံသူများ အနေဖြင့် အချိန်မှန် တက်ရောက် လိုသူများကို သင်တန်းကြေး ၃၀ ရာခိုင်နှုန်း Discount ခံစားခွင့် ပေးသွားမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို Promotion ဖုန်း- ၃၈၉၀၃၈၊ ၀၉-၇၃၁၈၄၅၂၅ သို့  ဆက်သွယ် စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။


ဝေဝေ

Myanmar internet journal

Post a Comment

 
Top