0
အင်တာနက် ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက် အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည် ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ်က CNN သတင်းသို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ကတော့ လူတိုင်း၊ နေရာတိုင်း အင်တာနက် သုံးစေချင်ပါတယ်။
အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကွန်ပျူတာနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ် ပါဘူး။ သူတို့ကို ဆိုင် တစ်ဆိုင်ကိုသွား၊ ဖုန်း တစ်လုံးဝယ်၊ အွန်လိုင်းပေါ် တက်ပြီး အင်တာနက် သုံးနိုင်စေချင်ပါတယ်” ဟု ဇူကာဘတ်က CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့ပြင် သူက “အွန်လိုင်းပေါ်မှာ ဘယ်လို အစိုးရမျိုးကို လိုချင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ ကျန်းမာရေး အတွက်လည်း ကြည့်ချင် ကြည့်မယ်။ မိုင်ရာချီ ဝေးတဲ့ နေရာက မိသားစုတွေနဲ့ နှစ်ပေါင်းများစွာ မတွေ့ရသူတွေကို ဆက်သွယ်ချင်လည်း ဆက်သွယ်ကြလိမ့်မယ်” ဟု ပြောကြားခဲ့ သည်။ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံ ရှိသည့်အနက် ၄ ဒသမ ၅ ဘီလီယံခန့်မှာ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။
အထူးသဖြင့် အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက် အများဆုံးမှာ Eritrea နိုင်ငံတွင် လူဦးရေ ဒသမ ၈ ရာခိုင်နှုန်း၊ Timor-Leste တွင် ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် သုံးစွဲနိုင်သေးကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်သာ အင်တာနက် မသုံးနိုင်သေးကြောင်းကိုလည်း နှိုင်းယှဉ် ဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် ယနေ့အထိ လူမှုကွန်ရက် Facebook သုံးစွဲနေသူပေါင်း ၁ ဘီလီယံခန့် ရှိသည်။ ဇူကာဘတ်ကလည်း ကမ္ဘာသူ ကမ္ဘာသား အားလုံး မိမိတို့ စိတ်ကူးကို ဖော်ထုတ်ခွင့် ရှိကြောင်း၊ လွတ်လပ်စွာ ပြောဆို ဖော်ထုတ်ခွင့် ရှိကြောင်း၊ ဆက်သွယ် ပြောဆိုပိုင်ခွင့်သည် လူ့အခွင့်အရေးဖြစ် ကြောင်း ပြောကြားခဲ့သည်။ လူတိုင်း အင်တာနက် သုံးစွဲခွင့် ရရေးအတွက် မိမိအနေဖြင့် လက်ရှိ ဒေါ်လာ ၁ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ထို့ထက်လည်း ပိုမို သုံးစွဲရန် ရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။

The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top