0
နောက်ထပ် ထွက်ရှိလာတဲ့ သတင်း တစ်ခုကတော့ iPhone 5S အမည်နဲ့ ထွက်လာမယ့် နောက်ဆုံးမော် ဒယ် iPhone ဟာ ယခင် iPhone 5 ထက် ၃၁ ရာခိုင်နှုန်း ပိုမိုမြန်ဆန်မှာ ဖြစ်ကြောင်း သိရပါတယ်။


မြန်ဆန်တယ်ဆိုတာ အသုံးပြုတဲ့ Processor ကိုပြောတာပါ။ 64 bits A7 Chip ကို အသုံးပြုထားပြီး စွမ်းဆောင်ရည် သိသိ သာသာ မြန်ဆန် လာမှာ ဖြစ်ပါတယ်။ Graphic လည်းပိုမိုကောင်းမွန်လာပြီး ဘက်ထရီ သုံးစွဲ မှု နှုန်းလည်း ယခင်ကထက် အများကြီး သက်သာမယ်လို့ ဆိုပါတယ်။ လက်ရှိ ထွက်နေတဲ့ နောက်ဆုံးပေါ် Samsung, LG, Sony, HTC စမတ် ဖုန်း များထက် သာလွန်တဲ့ စွမ်းဆောင်ရည်မျိုး ရရှိမယ်လို့တောင် Apple အမာခံ ပရိတ်သတ်များက တစ်ထစ်ချ ပြောဆို ထားပါတယ်။

ဒါကလည်း Apple က Official ပြောဆိုချက် မဟုတ်သေးပါဘူး။ iPhone 5 မှာတုန်းက A6 ဆိုတော့ iPhone 5S မှာ A7 သုံးမယ်လို့ တွက်ချက်ခန့်မှန်း မှု ဖြစ်ပြီး အချို့  Prototype တွေမှာတောင် စမ်းသပ်နေဆဲလို့လည်း ဆိုကြ ပါတယ်။ သို့ပေမယ့် စက်တင်ဘာလ အတွင်း iPhone 5S မိတ်ဆက်ပွဲ ကို မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (TSJ team)



Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top