Nokia တို့ တစ်ချိန်က ကီးပတ်ဖုန်း အတော်လေးအောင်မြင်ပါတယ်။ အခုကျတော့ Touch
တွေ ပေါ်လာ ချိန် အရင်ကလောက် ရောင်းအား မတိုးတော့တာ အမှန်ပါပဲ။ သို့ပေမယ့်
ရှိနေပါသေးတယ်။ Classic ဖုန်းကိုမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေအတွက် Noikia က
အမာခံ Classic smartphone တွေ ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ ဖုန်းကတော့ Nokia 515
ဖြစ်ပါတယ်။ ကီးပတ်ပါတဲ့ ဖုန်းဆိုတော့ အတွင်းက Specification
နိမ့်လိမ့်မယ်လို့ ပုံသေ တွက်ချက်လို့ မရပါဘူး။ ကင်မရာ 5 megapixel
ပါဝင်ပြီး auto focus, LED flash light အပြင် Photo shooting အတွက် Support
လုပ်ပေးတဲ့ Feature များစွာ ပါဝင်ပါတယ်။ ပိုလီကာဘွန်နှိပ်သားတဲ့
လုပ်ထားတဲ့ ဖုန်းဖြစ်တဲ့အတွက် အကြမ်းလည်းခံပြီး
ပေါ့ပေါ့ပါးပါရှိတဲ့ဖုန်းလည်း ဖြစ်ပါတယ်။ Gorilla Glass မျက်နှာပြင်ပါ။
3.5G HSDPA connectivity ပါဝင်ပြီး အသံကြည်လင်ပြတ် သားမှုရှိမယ်။
သီချင်းဖွင့်လည်း Speaker အလုပ်ကောင်းကောင်း လုပ်မယ် အစရှိသဖြင့်
ကြော်ငြာထားပါတယ်။ Bluetooth ပါဝင်ပြီး အခြားသော Nokia Windows ဖုန်း၊
Android ဖုန်းများနဲ့ File Sharing များအလွယ်တကူ ပြုလုပ်လို့ ရမှာ
ဖြစ်ပါတယ်။
Display က ၂.၄ လက်မ 240x320 pixel ဗားရှင်း ဖြစ်ပြီး
ppi 167 ဆိုတော့ ရုပ်ထွက်အရည်အသွေး အတန်အသင့် ကောင်းမွန်မှာပါ။ အတွင်း
Memory 256 MB, RAM 64 MB ပါဝင်ပြီး microSD ကဒ်နဲ့ 32GB အထိ Extend
လုပ်နိုင်မှာ ဖြစ်ပါတယ်။ MP3 Player, MP4 Plyer ကောင်းကောင်း
တစ်လုံးလိုတော့ အသုံးပြုလို့ ရမှာပါ။ ဓာတ်ပုံရိုက်ဖို့အတွက်လည်း
သင့်တော်မယ့်ဖုန်းလို့ ဆိုပါတယ်။ ဖုန်းနဲ့ ဂိမ်းဆော့ချင်သူများအတွက် ကတော့
အဆင်ပြေလောက်မယ် မထင်ပါဘူး။
Nokia 515 ဟာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ကျော်ဝန်းကျင်နဲ့ ရောင်းချတော့မယ် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
http://youtu.be/vhVHgdZyFTw
Aung Kham (TSJ team)
Related Posts
Nokia က Lumia 1520, Lumia 1320 ဖုန်းနှစ်လုံးကိုထုတ်ဖော်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Oct 22, 2013Nokia က Lumia 2520 Tablet ကိုထုတ်ဖော်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Oct 22, 2013Nokia က Lumia Devices တွေအတွက် Storyteller, Video Director, Beamer စတဲ့ Apps တွေကိုထုတ်ဖော်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Oct 22, 2013မျက်နှာပြင်ကျယ် Nokia Phablet – Lumia 1520
Nokia အနေနဲ့ Phablet တေဘတ်-စမတ်ဖုန်း လောကကို ဝင်ရောက် မယ်ဆိုတဲ့ Rumor က တကယ်မှန် သွားပါပြီ။ Nokia[...]
Sep 06, 2013Nokia ဖုန်းကုမ္မဏီ ကို Microsoft သို့ ရောင်းပြီ
ယခုရက်ပိုင်းအတွင်းပဲ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Nokia ရဲ့  မိုဘိုင်းဖုန်း စီးပွားရေးနဲ့ ဝန်[...]
Sep 03, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.