နယူးယောက်မြို့ မှာ ဖြစ်ပါတယ်။ ကမ်းခြေ တစ်နေရာမှာ တောင်းစားနေတဲ့ လူမည်း
အမျိုးသား တစ်ဦးကို တွေ့ရှိပြီး ယခုလို အိုင်ဒီယာ ရသွားခြင်း ဖြစ်ပါ တယ်။
သင်ပေးသူကလည်း လူငယ်ပါပဲ။ Patrick McConlogue
အမည်ရ အမေရိကန် နိုင်ငံသား ပရိုဂရမ်မာ၊ ဝဘ်ဒီဇိုင်နာ တစ်ဦး ဖြစ်ပြီး
အိုင်တီ ပညာ ရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပါတယ်။ ဒါနဲ့
တောင်းစား နေတဲ့ ပုဂ္ဂိုလ်ကို ငွေပေးမယ့် အစား ပညာသင်ပေးရင်
သူ့ဘဝတစ်လျှောက်လုပ်စား လို့ရမယ်လို့ စိတ်ကူးမိပြီး
စည်းရုံးညှိနှိုင်းပါတယ်။
ဒေါ်လာ ၁၀၀ ပေးမယ်။ သို့ပေမယ့်
သင်တဲ့စာတွေ လိုက်လုပ်ဖို့ လိုတယ် ပြောတော့ သဘောတူပါတယ်။ ဈေးသက်သာ Samsung
Chrome Book တစ်လုံး ပေးလိုက်ပြီး ပရိုဂရမ်းမင်း (Coding) နဲ့ သက်ဆိုင်တဲ့
စာအုပ် သုံးအုပ် လောက် ပေးလိုက်ပါတယ်။ Javascript ပိုင်းကို Specialize
လုပ်ခိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် သင်ပေး လာ လိုက်တာ။
ကိုယ်တိုင် ကိုယ်ကျ ရေးတတ်တဲ့ အဆင့်အထိ ရေက်ရှိ လာပြီး ယင်း ပညာနဲ့
အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့ အဆင့်အထိ ကို ရောက် လာ ပါတယ်။
ဒီလို
သင်ပေးလို့ရတယ်ဆိုတာကို သိသွားတဲ့ Patrick McConlogue ဟာ အခြားသော
အိမ်ခြေရာမဲ့ ဆင်းရဲနွမ်းပါးသူများကိုပါ Programming ပညာ သင်ကြားပေးမယ့်
ပရောဂျက် စတင်တော့မှာ ဖြစ်ပြီး ပါဝင်လှူဒါန်းမယ့် သူတို့ အများအပြား
ရှိလာပါတယ်။ ဒီတော့ အမေးအဖြေကဏ္ဍတစ်ခုမှာ ပရိုဂမ်မာ Patrick McConlogue
ပြောလိုက်တဲ့ စကား ကတော့ အောက် ပါအတိုင်း ဖြစ်ပါတယ်။
Give a man a fish and you feed him for a day; teach a man to fish and you feed him for a lifetime.
http://blog.techspace.com.mm
Related Posts
Programming ဘယ်လိုလေ့လာမလဲ
Programming ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေ စလို့ ဘယ်လို လေ့လာ ရမှန်း မသိသူများ အတွက် wikihow က ဆောင်[...]
Sep 28, 2013ကြက်ဥပြုတ်သည်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ
အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါ[...]
Aug 28, 2013ကမ္ဘာ့စွဲဆောင်မှု အရှိဆုံး ကွန်ပြူတာ ပရိုဂမ်မာ
World Sexiest Programmer လို့ အသိအမှတ်ပြုထားကြတဲ့ ပရိုဂမ်မာ ဖြစ်ပါတယ်။ သူ့ရဲ့  ပရော်ဖက်ရှင်နယ်ကို[...]
Jul 23, 2013C Programming ကို အခြေခံ၍ ဖန်တီးထားသော ကွန်ပြူတာ/မိုဘိုင်း OS များ
DG/UXDDC-lOpenVMSUltrixHP-UXEnea OSEGoogle Chrome OSAndroidHP-UX 11i z/OSAIX (Advanced Inter[...]
Jul 16, 2013အသက် ၁၇ နှစ်အရွယ် Google သိပ္ပံဆု ရရှိသူလေး
Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကေ[...]
Jun 01, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.