အမေရိကန်အခြေဆိုက် Terrafugia တို့ ကြိုးစားပန်းစား ဖန်တီးနေတဲ့ မိုးပျံကား
ကို ဈေးကွက်သို့ တက် ရောင်းချ နိုင်တော့မှာ ဖြစ် ပါတယ်။ ဈေးနှုန်း ကတော့
အမေရိကန်ဒေါ်လာ ၂၇၉၀၀၀ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂သိန်း ၈ သောင်း နီးနီးပါ။
ဒီတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း ၂၅၀၀
ဝန်းကျင် ဖြစ်ပါတယ်။ ဒီတော့ သွင်းလို့ရသည်ရှိ မရသည်ရှိ သာမန်
ကားတင်သွင်းနေကျ ဥပဒေနဲ့ တွက်ကြည့်တော့ မြန်မာကျပ်ငွေ သိန်း ၇၀၀၀ ထောင်
လောက် တတ်နိုင်ရင် ဝယ်စီးနိုင်မယ့်ကားမျိုး ဖြစ်သည်လို့
ခန့်မှန်းမိလိုက်ပါသေးတယ်။ ဒီအတွက် အမေရိကန်မှာတော့ Law and Regulation
ဆွဲပြီးသွားပြီလို့ဆိုပါတယ်။ သူက ကုန်းကြောင်းသွား ကားဥပဒေနဲ့ လေပေါ်သွား
လေယာဉ်ပျံ ဥပဒေ နှစ်မျိုးကိုရောလို့ လိုင်စင်ချပေးပြီး ရောင်းရတာလေ။ ဒီတော့
ဝယ်မယ့်သူက ပိုင်းလော့မကျ၊ ဒရိုင်ဘာမကျ ဘဝကိုရောက်မယ် ထင်ပါတယ်။
သို့ပေမယ့်
ကားပျံ တစ်စီးဖြစ်ကြောင်းသာ ဆိုထားပါတယ်။ ဒီတော့ အတွင်းမှာ
ကားအင်ဂျင်လုပ်ဆောင်ချက်များက သာမန်ကားတစ်စီး အတိုင်းဖြစ်မယ်။ သို့ပေမယ့်
ပျံသန်းတော့မယ်ဆိုရင် လည်စေမယ့် အူတိုင်က ဘီးမဟုတ်တော့ပဲ ပန်ကာဘက်ကို
ပြောင်းမှာ ဖြစ်ပါတယ်။ ဆီစားကတော့ သာမန် ကား Gasoline ကိုပဲ အသုံးပြုလို့
နိုင် မှာ ဖြစ် ပါတယ်။ လေယာဉ်ဆီ သုံးစရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆီစား
ကတော့ တော်တော်လေးများလိမ့်မယ်လို့ ခန့်မှန်းမိကြပါတယ်။ ထုတ်လုပ်တဲ့
ကုမ္မဏီကတော့ Terrafugia ရဲ့  ဆီစားနှုန်းဟာ သာမန်ကားတစ်စီးနဲ့
မထူးမခြားနားဖြစ်အောင် ကြိုးစား ဖန်တီးထားသတဲ့။
တစ်နာရီ မိုင် ၁၀၀
နှုန်းနဲ့ မိုးပေါ်မှာမောင်းနှင်နိုင်ပါတယ်။ မိုးပေါ် တစ်ခါပြန် တက်ဖို့အတွက်
ပေ ၁၇၀၀ ခရီးတော့ လိုသတဲ့။ ဒီတော့ မီးပွိုင့်မိနေတုန်း
မိုးပေါ်ပျံမယ်ဟေ့ဆိုပြီး ထပြန်လိုက်လို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
နဂိုကလည်း ပျံချင်ရင် အိမ်က စထွက်ကတည်းက ပျံရမယ့် အနေအထားမှာ ရှိပါတယ်။
သို့ပေမယ့် မီးပွိုင့်မိမယ်ဆိုတာ မီတာ ၆၀၀ လောက်ကို ကြိုမြင်ပြီဆိုရင်တော့
ပျံနိုင်လောက်မယ် ထင်ပါတယ်။ လေယာဉ်ပျံလို လည်း မောင်းရတာ ရှုပ်မယ့်ကားလည်း
မဟုတ်ပါဘူး။ အတွင်းခန်းက ထိန်းချုပ်စနစ် အားလုံးဟာ ကားတစ်စီးလိုပဲ
ဖြစ်ကြောင်း ဆိုထားပါတယ်။
ယခုနှစ်အတွင်း အမေရိကန်မှာ စတင်ဖြန့်ချိရောင်းချ သွားပြီး ကမ္ဘာအနှံ့ဖြန့်ချိဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)
Next
၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ သုံးစွဲမည်
Previous
တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာပေးပို့
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.