ပြည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက်
ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆိုထားကြောင်း လွှတ်တော်
ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။
နိုင်ငံသားတိုင်းသည်
မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက်
တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ ပြန်လည်
ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည် ဆွေးနွေးရန်
တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပေးပို့ချက်တွင်
ဖော်ပြထားသည်။
အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃ ရက်နေ့က
ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ က
ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့ ထားခြင်း ဖြစ်
သည်။
အဆိုပါဥပဒေကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက်
ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြ
ဆွေးနွေးခဲ့သည်။
ယင်း ဥပဒေနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော်
ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့
လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက
ပြောကြားသည်။
လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်
ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်
ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က
ဆိုသည်။
ွှThe Voice Weekly
Home
»
နိုင်ငံရေး
» လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို
Related Posts
လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ရန် အမည်စာရင်း နိုင်ငံတော်သမ္မတ လွှတ်တော်တင်
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ထားသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေး လာဘ်ယူမ[...]
Feb 22, 2014သမ္မတ ဦးသိန်းစိန် သယံဇာတ ထုတ်ယူ သုံးစွဲရေး ပွင့်လင်းမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) ဥက္ကဋ္ဌအား တွေ့ဆုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ အော်စလြို[...]
Dec 12, 2013ဦးသိန်းစိန် သမ္မတအဖြစ် အရွေးမခံတော့ဟု ဦးရွှေမန်းပြော
၂၀၁၅ ခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်အနေ နဲ့ သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ သူ့ကိုေ[...]
Oct 24, 2013ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်
သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀[...]
Sep 30, 2013စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ
တပ်မတော်နေ့ အခမ်းအနားတစ်ခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီတပ်ဖွဲ့တစ်ခုကို တွေ့ရစဉ် [...]
Sep 11, 2013ပြည်ထောင်စု အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ဟု သူရဦးရွှေမန်းပြောကြား
ပြည်ထောင်စုအတွက် အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘ[...]
Sep 11, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.