0
ယခုပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားအရေအတွက်မှာ ယခင်ပညာသင်နှစ်ထက် နှစ်သောင်းကျော် မြင့်တက်သွားကြောင်း ပညာရေးဝန်ကြီးဌာနအဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှသတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ဘွဲ့ကြို (Day) သင်တန်းသားအရေ အတွက်မှာ ပုံမှန်အတိုင်းရှိနေသော်လည်း အဝေးသင်တက္ကသိုလ် တက်ရောက်သော ဦးရေမှာ နှစ် သောင်းကျော်မြင့်တက်သွားခြင်း ဖြစ်သည်။
“မနှစ်က ဇွန်လမှာ ဘွဲ့ကြိုတက်တဲ့ ကျောင်းသားတစ်သိန်းခုနှစ်သောင်းကျော်ရှိတယ်။ ဒီနှစ်ဇွန်လက လည်း အဲဒီအရေအတွက်ပဲ။ အဝေးသင်ကျောင်းသားက မနှစ်က ဇွန်လမှာ နှစ်သိန်းကိုးသောင်းကျော် ရှိတာ ဒီနှစ်ဇွန်လမှာ သုံးသိန်းတစ်သောင်းကျော်ရှိနေတယ်။ အဝေးသင်ကျောင်းသား နှစ်သောင်း ကျော် တိုးလာတာပေါ့” ဟု အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်လက်ခံ သော ကျောင်းသားဦးရေ သောင်းဂဏန်းလျှော့ချခဲ့ပြီးနောက် အဝေးသင်တက္ကသိုလ် တက်ရောက် သော ကျောင်းသားဦးရေမြင့်တက်လာခြင်း ဖြစ်သည်။
အဝေးသင်တက္ကသိုလ်တက်ရောက်သော ကျောင်းသားများသည် အင်္ဂလိပ်ဘာသာ အခက်အခဲကြောင့် ဝိဇ္ဇာဘာသာရပ်များကို ရွေးချယ်တက်ကြပြီး မြန်မာစာဘာသာရပ်ကို ကျောင်းသားအများစု ရွေးချယ် နေကြကြောင်း သိရသည်။
ငွေကြေးကုန်ကျသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ပညာသင်ယူနေစဉ် အလုပ်လုပ်ကိုင်နိုင် စသည့် အချက်များအပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များက ကျောင်းသားလက်ခံမှု လျော့ချ လိုက်ခြင်းသည် အဝေးးသင်တက္ကသိုလ်တက်ရောက်သော ကျောင်းသားဦးရေကို မြင့်တက်လာစေ ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
အဝေးသင်တက္ကသိုလ်များမှ ဘွဲ့ရရှိသော ကျောင်းသားများနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေခြင်း ကြောင့် အဝေးသင်ပညာရေး အရည်အသွေးကို မြှင့်တင်သွားရန်နှင့် အွန်လိုင်းအဝေးသင်ပညာရေး စနစ်ကို အကောင်အထည်ဖော်နေကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူက ပြောထား သည်။
၂၀၁၃ ပညာသင်နှစ် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ အနီး ကပ်သင်တန်းနှင့် အတန်းတင်စာမေးပွဲများကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

7Day News Journal
Vol.12, No.25, AUGUST 28, 2013

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top