အမေရိကန်ဟာ ဆီးရီးယားကို တိုက်ဖို့သေချာသလောက်ရှိ တဲ့အနေအထား မှာ ရှိပါတယ်။
ဒါကြောင့် ဆီးရီးယား အီလက်ထရောနစ် တပ်မတော် ကလည်း အမေရိကန်ကို
တိုက်ခိုက်ဖို့ တရားဝင်စစ်ကြေညာလိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် ဆီးရီးယား
အီလက်ထရောနစ် တပ်မတော် (SEA) ကို Mashable တို့ တရားဝင်
အင်တာဗျူးခဲ့ကြပါတယ်။ အင်တာဗျူးမှ အမေးအဖြေအချို့  ကတော့ အောက်ပါအတိုင်း
ဖြစ်ပါတယ်။
SEA (Syrian Electronic Army) ဟာ ဆီးရီးယား အစိုးရရဲ့  ထောက်ပံ့မှုကို ရရှိထားပါသလား
ဟင့်အင်း။
ကျနော်တို့က Volunteer တွေပါ။ အရေးကြီးသွေးနီးဆိုတဲ့အတိုင်းပါပဲ။
ကျနော်တို့အားလုံး ကိုယ့်ထမင်း ကိုယ်စားပြီး တိုင်းပြည်ကို ကာကွယ်နေတဲ့
သူတွေပါ။ အစိုးရ Assad ကို ကျနော်တို့ အပြည့်အဝ ထောက်ခံ ပါတယ်။
အဖွဲ့မှာ ဟက်ကာ ဘယ်နှစ်ဦး ပါဝင်ပါသလဲ..
အဖွဲ့မှာ ဟက်ကာပေါင်း တစ်ထောင်ကျော်ပါဝင်ပါတယ်။ ကျနော်တို့ ခေါင်းဆောင် ဟက်ကာ ၁၀ ဦးက ထိန်းချုပ်ကွပ်ကဲ ပါတယ်။
SEA ရဲ့ အခြေတည်တဲ့နေရာကို သိပါရစေ..
အားလုံး ဆီးရီးယားနိုင်ငံမှာပဲ Based လုပ်ထားပါတယ်။
SEA ဟက်ကာတွေက အရင်တုန်းက ဘယ်ဟက်ကာအဖွဲ့တွေမှာ ပါဝင်ဖြစ်ခဲ့ကြလဲ
ကျနော်တို့အားလုံး အရင်ကတည်းက ဒီအဖွဲ့ရှိပြီးသားပါ။ အဖွဲ့မရှိခင်ကလည်း ဘယ်အဖွဲ့မှာမှ ပါဝင်ခဲ့သူတွေ မဟုတ်ပါဘူး။
SEA ကို အပျော်တမ်း ဟက်ကာလို့ ပြောနေသူတွေကို ဘယ်လိုတုန့်ပြန့်ချင်ပါသလဲ။
အစ္စရေးရဲ
့ အရေးအကြီးဆုံး စက်ရုံသုံး ဆော့ဖ်ဝဲလ်နဲ့ ဝဘ်ဆိုဒ်၊ အင်တာနက်ဆက်သွယ်ရေး
စနစ် SCADA System (Industrial Control system) ကို ဘယ်လို
ဟက်လိုက်တာလဲလို့ အရင်မေးလေ။ ဒီလောက်ဆို SEA တွေဟာ Amateur ဟုတ်မဟုတ်
မေးစရာမလိုပဲ သိနေမှာပါ။
ဟက်ကာ အများစုက Attack မလုပ်ခင် ကြေညာလေ့
မရှိဘူး။ SEA အနေနဲ့ ယခုလို တရားဝင် ကြေညာပြီး တိုက်ခိုက်ဖို့
ပြင်ဆင်မှုအပေါ် လုံခြုံရေး ထိခိုက်တယ်လို့ကော မြင်မိပါသလား။
SEA က
အရာရာတိုင်းကို ကြေညာပြီးလုပ်တယ် ထင်ရင်မှားသွားပါပြီ။ ကျနော်တို့
တကယ့်အရေးကြီး တိုက်ခိုက်မှ တိုင်းကို ဘယ်တုန်းကမှ မကြေညာခဲ့ပါဘူး။ ဒါကို
ခံနေရတဲ့ အစ္စရေးတို့ ပိုသိမှာပါ။ အမေရိကန် ကို တိုက်ဖို
့တရားဝင်ကြေညာပေမယ့် မျော်လင့်မထားတဲ့ အရာတွေက ဖြစ်လာမယ်လို့ ဘယ်သူမှ
ကြိုမသိနိုင်ဘူးလေ..
SEA ဟာ တရုတ် ဟက်ကာတို့နဲ့ အဆက်သွယ်ရှိပါသလား၊ သို့တည်းမဟုတ် ထောက်ပံ့မှု ရရှိထားပါသလား
ဟင့်အင်း။
ကျနော်တို့ တစ်ဖွဲ့လုံး တရုတ်စကား မပြောတတ်ဘူးဗျ။ တရုတ်တွေက အမေရိကန်
စစ်ဘက်နဲ့ နိုင်ငံရေးက အရေးကြီးတဲ့ သတင်းအချက်အလက်တွှေကို ခိုးယူတယ်။
ပြီးတော့ စီးပွားရေးတွက်ချေနဲ့ ပြန်ရောင်းစားနဲ့။ ရည်ရွယ်ချက်ကိုက
ကျနော်တို့နဲ့ သိသိသာသာ လွဲနေပါပြီ။
ဒါဆိုရင် SEA က ရုရှားရဲ့  ထောက်ပံ့မှုကော ရရှိပါသလား
တရုတ်၊ ရုရှား၊ အီရန် ဘယ် နိုင်ငံတို့မှ ထောက်ပံ့မှုတို့ ရရှိမထားပါဘူး။ အီရန်နဲ့လည်း အဆက်အသွယ် မရှိပါဘူး။
SEA အနေနဲ့ အမေရိကန် ကို တိုက်မယ်ဆိုရင် ဘယ်အပိုင်းကို တိုက်ဖြစ်မှာပါလဲ။ မီဒီယာလား၊ အစိုးရလား…။
နှစ်ခုစလုံးကို
တိုက်ဖြစ်မှာပါ။ အများစုက အမေရိကန် အစိုးရနဲ့ စစ်ဘက်ကိုပဲ တိုက်ကြတယ်။
ကျနော်တို့ ကတော့ အစိုးရကော၊ အမေရိကန်က ခပ်စွာစွာ မီဒီယာတို့ကိုပါ
အားလုံးပေါင်းလို့ တိုက်ခိုက်မှာပါ။
SEA နဲ့ အဆက်အသွယ်လုပ်ချင်တဲ့သူတွေကို ဘယ်လို contact မျိုးပေးနိုင်မလဲ
ကျနော်တို့ကို
ဝဘ်ဆိုဒ်ကနေပဲ ဆက်သွယ်နိုင်ပါတယ်။ ဘယ် Gmail, Skype နဲ့မှ ဆက်သွယ်သူတွေကို
တွေ့ဆုံ စကားပြောဖို့ အကြောင်းမရှိပါဘူး။ ကျနော်တို့ အဖွဲ့အချင်းချင်းလည်း
Secure ဖြစ်တဲ့ Channel တစ်ခုနဲ့ပဲ ဆက်သွယ်ပါတယ်။ ဘယ် Public
Communication စနစ်ကိုမှ အသုံးပြု မထားပါဘူး။
SEA အနေနဲ့ အမေရိကန် အပေါ် ဘယ်လို စကားမျိုး မှာချင်ပါသေးလဲ
ကျနော်တို့က
ဆီးရီးယား အစိုးရကို ထောက်ခံသူတွေပါ။ ဒါကြောင့်မို့ ဆီးရီးယားတို
တိုက်မယ်ဆိုရင် အမေရိကန်မှ မဟုတ်ပါဘူး။ ဘယ် နိုင်ငံကိုမဆို အီလက်ထရောနစ်
လမ်းကြောင်းကနေ တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ ဆိုင်ဘာ တိုက်ပွဲမှာတော့ SEA က
အကောင်းဆုံး ကြိုးစားတိုက်ခိုက်သွားမှာပါ။
.
Ref: Mashable
Aung Kham (TSJ team)
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.