စာသင်ကြားမှုဝါသနာပါသည့်
လူငယ် ၁၅ ဦးကို ရွေးချယ်ပြီး ဆရာဖြစ်သင်တန်းပို့ချကာ လက်တွေ့
လုပ်ငန်းခွင် ဝင်ရောက်နိုင်မည့် Interm To Learn Project ၏ဒုတိယအကြိမ်
လျှောက်လွှာများ စတင် ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
Interm To Learn
Project မှ Supervisor ဦးဒေးဗစ်က “ဒီအစီအစဉ်က အမေရိကန်မှာ ပညာသင်ခဲ့ တဲ့
ကျောင်းသားတွေစုပြီး လုပ်ဖြစ်တာပါ။ ဒါနဲ့ဆို နှစ်နှစ်ရှိပါပြီ။
အလှူရှင်နဲ့လုပ်တာမဟုတ်ပါဘူး။ ရန်ပုံ ငွေလျှောက်ပြီး လုပ်တာဖြစ်ပါတယ်။
စာသင်ကြားရေး စိတ်ဝင်စားတဲ့လူငယ်တွေကို အဓိကထား ရွေးချယ်မှာ ဖြစ်ပါတယ်”
ဟုရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောကြားသည်။
သင်ကြားရေးအစီအစဉ်ကို
မုဒ်ဦးပညာရေးက ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းကာလခြောက်ပတ်
သင်ကြားရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ကချင်၊ ကယား၊ ကရင်၊ ရခိုင်၊
ရှမ်းနှင့် ရန်ကုန်မြို့တို့ရှိ ပုဂ္ဂလိကကျောင်းများ၊ ပညာရေးစင်တာများနှင့်
အစိုးရမဟုတ်သော စာသင်ကျောင်းများတွင် သင်ကြား မှုများကို လုပ်ငန်းခွင်
လက်တွေ့လုပ်ဆောင်မှုများဖြင့် နှစ်လကြာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို
စက်တင်ဘာ ၃၀ တွင် စတင်မည်ဖြစ်ပြီး စာသင်ကြားမှုကို စိတ်ဝင်စားသည့် အသက် ၃၀
နှစ်ထက်မကြီးသူ၊ အင်္ဂလိပ်စာအရည်အချင်း Intermediate ရှိသူ လူထုဆက်ဆံရေးနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများကို တက်ကြွစွာပါဝင်ဆောင်ရွက်လိုသူများ
လျှောက်ထားနိုင်ပြီး သင်တန်းတက် ရောက်နေချိန်တွင် စားသောက်ရေးကို
တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ဝင်ခွင့်လျှောက်လွှာများကို www.interntolearn.org နှင့် www.facebook.com/interntolearn တို့တွင် ရယူနိုင်ပြီးစက်တင်ဘာ ၆ ရက်နောက်ဆုံးထားကာ
info@interntolearn.org">info@internto learn.org သို့ ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၁၀၄)၊ သြဂုတ် ၂၉၊ ၂၀၁၃
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.