ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲကို
ပြင်သစ်နိုင်ငံ မိုနာကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆင်နယ်အသင်း မရဏအုပ်စုတွင်း
ကျရောက်ခဲ့ရပြီး ဘာစီလိုနာနှင့် အေစီမီလန်၊ ရီးရဲလ်နှင့် ဂျူဗင်တပ်တို့
အုပ်စုတစ်အုပ်စုတည်း ပါဝင်ခဲ့သည်။
အာဆင်နယ်မှာ အုပ်စု (F)တွင် နိုင်ခြေ
အဆင့်(၂)မာဆေးလ်၊ နိုင်ခြေ
အဆင့်(၃) ဒေါ့မွန်၊ နိုင်ခြေအဆင့် (၄) နာပိုလီတို့နှင့် ကျရောက်ခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ် မဲခွဲမှုများအပြီး ယမန်နှစ်ရာသီအတွက် ဥရောပတစ်နှစ်တာ
အကောင်းဆုံး ကစားသမားဆု ရွေးချယ်ရာတွင် ဘိုင်ယန်နှင့်အတူ ဖလား ၃လုံး
ဆွတ်ခူးနိုင်
ခဲ့သည့်ပြင်သစ်တောင်ပံကစားသမား ရစ်ဘာရီမှာ ရော်နယ်ဒို၊
မက်ဆီတို့ကို ကျော်ဖြတ်၍ ဆုရရှိသွားခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် မေလ
၂၄ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ရှိ၊
အက်စ်တာဒီယိုဒီလက်ဇ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ
ဗိုလ်လုပွဲစဉ်အတွက် ပေါ်တူဂီ ဂန္တ၀င်ကစားသမား ဖီဂိုကို သံတမန်အဖြစ်
ခန့်အပ်ခဲ့ကြောင်း သိရသည်။
အုပ်စု (A) မန်ယူ၊ ရှက်တာဒိုးနက်၊ လေဗာကူဆင်၊ ဆိုစီဒက်
အုပ်စု(B) ရီးရဲလ်၊ ဂျူဗင်တပ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်
အုပ်စု (C) ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ အိုလံပီယာကို့စ်၊ အန်ဒါလက်ခ်ျ
အုပ်စု (D) ဘိုင်ယန်၊ စီအက်စ်ကေအေ၊ မန်စီးတီး၊ ဗစ်တိုးရီးယားပယ်ဇန်
အုပ်စု (E) ချဲလ်ဆီး၊ ရှော်လ်ကေး၊ ဘေဆယ်၊ စတူအာဘူခါရက်
အုပ်စု(F) အာဆင်နယ်၊မာဆေးလ်၊ ဒေါ့မွန်၊ နာပိုလီ
အုပ်စု (G) ပေါ်တို၊ အက်သလက်တီကို၊ ဇင်းနစ်၊ သြစကြီးယားဝီယန်
အုပ်စု (H) ဘာစီလိုနာ၊ အေစီမီလန်၊ အေဂျက်စ်၊ ဆဲလ်တစ်
zaw zaw tun
ရိုးရာလေး
Related Posts
FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းနဲ့ ထိပ်တိုက်တွေ့ ရမှာကို ထိတ်လန့် နေပါတယ် (ရာရာ တိုရေး)
မန်စီးတီး အသင်း၏ အားထားရတဲ့ ကွင်းလယ် ကစား သမားဖြစ်တဲ့ ရာရာတိုရေးက ချန်ပီယံလိဂ် ရှုံးထွက် ပွဲ[...]
Dec 27, 2013ပရီးမီးယားလိဂ်ကို အရှိန်မြှင့်ပေးလိုက်တဲ့ပွဲစဉ်(၁၆)
အခုရာသီတွင် နောဝစ်ခ်ျကို (၇)ဂိုး၊ စပါးကို (၆)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲ[...]
Dec 14, 2013မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်
ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျ[...]
Dec 14, 2013ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်
မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။ ရှက[...]
Dec 14, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.