LG ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် LG Optimus G Pro ကို သြဂုတ်လ ၁၀
ရက်နေ့တွင် မြန်မာနိုင်ငံ၌ စတင် ရောင်းချခဲ့ပြီး ၎င်းသည် Phablet အမျိုးအစား
ဖြစ်ကာ ဖုန်းနှင့် Tablet နှစ်မျိုးလုံးကို အသုံးပြုရန်အတွက် အဆင်ပြေစေရန်
ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ LG Optimus G Pro ကို
၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံတွင်
စတင်မိတ်ဆက်ခဲ့ပြီး၊ အာရှတိုက်ရှိ ဖုန်းဈေးကွက်များ
အတွင်းသို့
ဖြန့်ချိခဲ့ရာ ဇွန်လ၌ ဟောင်ကောင်တွင် ရောင်းချခဲ့ကာ ထိုင်ဝမ်၊ စင်ကာပူ၊
ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားဈေးကွက်များ
အတွင်းတွင်လည်း ရောင်းချလျက် ရှိနေပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင်
စတင် ရောင်းချလျက်ရှိပြီး ဈေးကွက်အတွင်းရှိ ဖုန်းဆိုင်များတွင် ၆၂၉၀၀၀
ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
“LG Optimus G Pro က ဖုန်းနဲ့ Tablet နှစ်မျိုးလုံး
အသုံးပြုလိုသူများအတွက် ရည်ရွယ်ပြီး 5.5″ အရွယ်ရှိတဲ့ Full HD Display ကို
အသုံးပြုထားပါတယ်။ ယနေ့ခေတ် နည်းပညာ ရေစီးကြောင်းကို ဦးဆောင်နေတာက
အာရှတိုက်က သုံးစွဲသူတွေပါ။ LG ရဲ့ Optimus G Pro ကို အာရှဈေးကွက်
အတွင်းမှာ အောင်မြင်နိုင်လိမ့်မယ်ဟု ယုံကြည်ပါတယ်” ဟု LG Electromics
Mobile Communication ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Dr.Jong-seok Park က
ပြောသည်။ LG Optimus G Pro တွင် အလွန်မြန်ဆန်သည့် 1.7 GHz Quad-Core CPU
နှင့် Andreno 320 GPU ပါဝင်သော Qualcomm Snapdragon 600 processor
တပ်ဆင်ထားပြီး 3140 mAh Battery, 2GB RAM, Resolution 1920×1080 pixel at
400 ppi ပေးစွမ်းနိုင်သော 5.5 inches 1080 p Full HD IPS Display နှင့်အတူ
ကြည်လင် ပြတ်သားသော razor sharp ပုံရိပ်များကို ပေးစွမ်းနိုင်ပြီး
စွမ်းရည်မြင့်မားသော Hardware Feature များနှင့်အတူ ထူးခြားသော UX features
များ ပါဝင်ကြောင်း သိရသည်။
Ref & Credit: Mobile Guide Journal
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.