မိုဘိုင်းဖုန်း
အသုံးပြုသူ များအတွက် ဖုန်းဆားဗစ် ဝန်ဆောင်မှု လုပ်ငန်းများအား နေရာမရွေး
အဆင်ပြေသည့် အချိန်တွင်ပြုလုပ် နိုင်စေရန်အတွက် ဝန်ဆောင်မှု လုပ်ငန်းသစ်
တစ်ခုအား မကြာမီ အချိန်အတွင်း
ပြုလုပ်ပေးသွားတော့ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် အသစ်ထွက်ဆော့ဖ်ဝဲများ၊ ဂိမ်းများနှင့် မြန်မာစာဖောင့်စနစ်များ၊ ဆော့ဖ်ဝဲဗားရှင်းမြှင့်တင်ခြင်း လုပ်ငန်းများအား ဖုန်းဆိုင်များသို့ တကူးတကသွားရောက် ပြုလုပ်ရန် မလိုအပ်တော့ဘဲ လမ်းသွားရင်းဖြင့်ပင် အလွယ်တကူ အဆင်ပြေသည့် နေရာတွင် ဝင်ရောက်ပြုလုပ်နိုင် စေရန်အတွက် မိုဘိုင်းဖုန်းဆားဗစ် ဝန်ဆောင်မှု ကောင်တာများအား ရန်ကုန်မြို့ရှိ ABC Mart များတွင် စတင်ဖွင့်လှစ်ပေး သွားတော့မည်ဖြစ်ကြောင်း သိရသည်။
ABC Mart များ၌ အဆိုပါ မိုဘိုင်းဆားဗစ် ကောင်တာများအား ဖွင့်လှစ်ထားရှိ ပေးထားမည်ဖြစ်ပြီး အချိန်တိုအတွင်း မိမိတို့ အလိုရှိသောဆော့ဖ်ဝဲ ဝန်ဆောင်မှုများနှင့် ဖုန်းပြုပြင်ခြင်း၊ ပြင်ဆင်ခြင်းများကို ဝင်ရောက်ပြုလုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ၎င်းအစီအစဉ်အား ပြုလုပ်ပေးသည့် ရွှေမိုဘိုင်းမှ တာဝန်ရှိသူ ကိုထူးမှပြောပြရာတွင် “ခုချိန်မှာ မိုဘိုင်းဖုန်း အသုံးပြုတဲ့သူတွေ အနေနဲ့ဖုန်းဆော့ဖ်ဝဲလေးတွေ ထည့်ချင်တာ၊ ဂိမ်းတွေ ထည့်ချင်တာ၊ မြန်မာစာဖောင့်စနစ် ထည့်ချင်တာပဲဖြစ်ဖြစ် ဖုန်းဆိုင်တွေကို တကူးတက လိုက်ရှာပြီးပြုလုပ်နေဖို့ မလိုအပ်တော့ဘဲနဲ့ ကိုယ်နဲ့နီးစပ်တဲ့ ABC Mart တွေမှာ ဝင်ရောက်ပြုလုပ် နိုင်အောင်
ရည်ရွယ်ပြီး ပြုလုပ်တာပါ။ ဒါ့အပြင် မိုဘိုင်းဖုန်းဆားဗစ် ပညာကိုဝါသနာပါတဲ့ လူငယ်တွေအနေနဲ့လည်း ဒီဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ ပညာရပ်တွေ၊ အတွေ့အကြုံတွေရရှိနိုင်ပါတယ်။ ခုဆို ကျွန်တော်တို့ အနေနဲ့လည်း ဒီဆားဗစ်ကောင်တာတွေမှာ အလုပ်လုပ်မယ့် လူငယ်တွေအတွက် အလုပ်ခေါ်ထားပါတယ်။ အလုပ်လုပ်မယ့်သူတွေကို ကျွန်တော်တို့က မိုဘိုင်းဖုန်းဆားဗစ်နဲ့ ပတ်သက်တဲ့ နည်းပညာသင်တန်းလေးတွေ၊ ပို့ချမှုလေးတွေ လုပ်ပေးပြီးမှ အလုပ်ခန့်ထားမှာပါ” ဟုပြောပြခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါဝန်ဆောင်မှု ဆားဗစ်ကောင်တာများအား အလုံ၊ စမ်းချောင်း၊ တာမွေ အစရှိသော မြို့နယ်များရှိ ABC Mart များတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းအစီအစဉ်အား ရွှေမိုဘိုင်း မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ABC Mart နှင့်ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများ အနေဖြင့် ဖုန်း ၀၁-၂၉၃၁၆၇ သို့ ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။
Myanmar internet juournal

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.