0
နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ ရှမ်းညီနောင် Computer Sale & Service မှဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သော တစ်ပတ်ရစ် Good Second Hand Laptop များကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း အဆိုပါဆိုင်မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါရှမ်းညီနောင်တွင် စင်ကာပူနိုင်ငံလုပ် SINGTECH အမှတ်တံဆိပ် Laptop အသစ်စက်စက်များကို authorize
အနေဖြင့် ရောင်းချပေးလျက်ရှိသလို Good Second Hand တစ်ပတ်ရစ် Laptop များဖြစ်ကြသည့် HP, Dell နှင့် Fujitsu အမျိုးအစားကျပ် ၁၅၀၀၀၀ ခန့်မှစ၍ ကျပ်သုံးသိန်းဝန်းကျင် တန်ဖိုးရှိ Laptop များကိုကျောင်းသား/ ကျောင်းသူဖြစ်ကာ ကျောင်း၏ထောက်ခံချက်ဖြင့် လည်းကောင်း၊ ဝန်ထမ်းဖြစ်က ဌာနဆိုင်ရာ (သို့)ကုမ္ပဏီအကြီးအကဲ၏ ထောက်ခံချက်ဖြင့်လည်းကောင်း အရစ်အကျစနစ် (သုံးရစ်) ဖြင့်
ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ “အရစ်ကျရောင်းတဲ့ တစ်ပတ်ရစ် Laptop တွေကို (၆) လအာမခံနဲ့ ရောင်းချပေးမှာဖြစ်ပြီး Battery ကိုလည်း တစ်နာရီဝန်းကျင် အထိခံနိုင်ရည်ရှိတဲ့ Battery ကို ထည့်သွင်းထားပါတယ်။ လာရောက်ဝယ်ယူလိုသူအနေနဲ့ ထောက်ခံချက်၊ မှတ်ပုံတင် (သို့) ကျောင်းသားကတ်(သို့) ဝန်ထမ်းကတ် မိတ္တူတစ်စောင် ပါလာဖို့လိုပါတယ်” ဟု ဆိုင်တာဝန်ခံက ပြောသည်။ အရစ်ကျ စနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များကို ရှမ်းညီနောင် ဖုန်း-၀၉၃၆၀၄၇၃၈၀ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။


- ကျော်ဇေယျ

Myanmar internet journal

Good Second Hand Laptop များ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေ - See more at: http://www.myanmarinternetjournal.com/content/7841#sthash.NexHsxlF.dpuf

Post a Comment

 
Top