တရုတ် (တိုင်ပေ)
အခြေစိုက် သတင်းဌာနဖြစ်သည့် Digitimes က Intel ၏ အနာဂတ် tablet ချစ်ပ်များနှင့် ပတ်သက်၍
ဖော်ပြခဲ့သည်။
မျိုးဆက်သစ်
tablet များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Intel processor သစ်များဖြစ်သော Chreey
Trail နှင့် Willow Trail processor တို့ကို ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် တွေ့မြင်ရ
ဖွယ်ရှိကြောင်း၊ သုံးစွဲသူများအတွက် Chreey Trail နမူနာတင်ပို့မှုကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်
စတင်ဖွယ်ရှိကြောင်း Digitimes မှ ဖော်ပြခဲ့သည်။
Cherry
Trail နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို Computex 2014 တွင် ပွဲထုတ်မိတ်ဆက်ပေးဖွယ်
ရှိကြောင်းဆိုသည်။ အဆိုပါ silicion သည် Intel ၏ Airmont architecture နှင့် အဆင့်မြင့်
14-nanometer ထုတ်လုပ်မှု လုပ်ငန်းစဉ်ပေါ်တွင် အခြေခံထားကြောင်းသိရသည်။
Intel ကုမ္ပဏီမှ
နှစ်စဉ်ကျင်းပသည့် ကွန်ဖရင့်စ်ကို စက်တင်ဘာ လ ၁၀ ရက်တွင် စတင်မည်ဖြစ်ပြီး အဆိုပါ ကွန်ဖရင့်စ်တွင်
tablet ကွန်ပျူတာများနှင့် စမတ်ဖုန်းများအတွက် Slivermont architecture ကို Intel က
မိတ်ဆက်ပြောကြား မည်ဟုသိရသည်။ ၎င်းချစ်ပ်များ အသုံးပြုထားသည့် tablet ကွန်ပျူတာများကို
နှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိပြီး အဆိုပါ tabletများသည် Windows 8.1 နှင့်
Android 4.2 တို့ကိုအထောက်
အပံ့ပေးနိုင်ကြောင်း Digitimes ကဖော်ပြခဲ့သည်။
အပံ့ပေးနိုင်ကြောင်း Digitimes ကဖော်ပြခဲ့သည်။
ထို့အပြင်
Merrifield ဟုခေါ်သော စမတ်ဖုန်းအတွက် Intel ၏ platform သစ်ကိုလည်း ၂၀၁၃ ခုနှစ် နှစ်ကုန်
သို့မဟုတ် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် တွေ့မြင်ရဖွယ် ရှိကြောင်း သိရသည်။
-နောင်နောင်
Ref: CNET
Ref: CNET
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.