0

SAT,GRE, GMAT မလိုအပ်ဘဲ Bachelor ဘွဲ့နှင့် Master ဘွဲ့များ အသီးသီး တက်ရောက် သင်ယူနိုင်သည့် အထူးအခွင့်အရေး လမ်းကြောင်းသစ်များ အကြောင်း တစ်ဦးချင်း ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ ညနေ ၃ နာရီ မှ ၅ နာရီ အထိ Regent Consultancy Services Co.,Ltd တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ အစီအစဉ်တွင်  Colorado State Univesity, Oregon  State Univesity, University of South Florida, Marshall University များ၏ တာဝန်ခံ Mr.Tyler Nusbaun မှ အမေရိကန် ထိပ်တန်း Tier 1 အစိုးရ တက္ကသိုလ်များတွင် အခြေခံပညာ အထက်တန်း (သို့)  iGCSE (သို့) American High School Diploma နှင့် တက္ကသိုလ်ဘွဲ့ ရရှိအောင်မြင်ပြီးသူများ SAT,GRE, GMAT မလိုအပ်ဘဲ Bachelor ဘွဲ့နှင့် Master ဘွဲ့များ အသီးသီး တက်ရောက် သင်ယူနိုင်သည့် အထူးအခွင့်အရေး လမ်းကြောင်းသစ်များ အကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများ၊ ဆွေးနွေးပွဲသို့ တက်ရောက် လိုသူများနှင့် ကျောင်းလျှောက်ထားလိုသော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် မိမိ၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ၊ IELTS/TOEFl ရမှတ်များနှင့်တကွ Regent  Consultancy Services Co., Ltd  အမှတ် B (၁၃+၂၃) ရွှေကိန္နရီ အဆင့်မြင့် အိမ်ယာ၊ နာနတ်တောလမ်း၊ (ရွှေကောင်း ဟော့ပေါ့အရှေ့)၊ ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၀၀၀၅၄၊ ၀၉-၅၀၁၉ ၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ သို့ ဆက်သွယ်နိုင်သည်။ 

Myanmar internet journal

Post a Comment

 
Top