- GSM နဲ့
WCDMA ဖုန်းဈေးကွက်ထဲမှာ လူကြိုက်များ ရေပန်းစားနေတဲ့ Samsung ရဲ့ Galaxy စီးရီးထဲက
တစ်မျိုးဖြစ်တဲ့ Note IIကို စတိုင်တစ်မျိုးနဲ့ Package အသွင်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
Note II ဟာ ၅.၅ လက်မအရွယ် HD Super AMOLED Multi Touch စနစ်နဲ့ဖြစ်ပြီး Android
Version 4.1.2 Jelly Bean ကို သုံးထားပေးပါတယ်။ Internal
Memory 16 GB ပါရှိပြီး
CPU ကိုတော့ Quad Core1.6 GHz အသုံးပြုထားပါတယ်။ စာရေးခြင်း၊ ပုံဆွဲခြင်း၊ မှတ်သားခြင်းတွေ လုပ်နိုင်ဖို့ S.Pen လည်း ပါဝင်ပါတယ်။ ကင်မရာနှစ်လုံးပါဝင်ပြီး နောက်ကင်မရာက 8 Megapixel နဲ့ ရှေ့ကင်မရာက 1.9 Mega Pixel ရှိပါတယ်။ ရုပ်ထွက်ကြည်လင်တဲ့ Full HD နဲ့ဖြစ်ပြီး Recording ရော Playbackပါ လုပ်နိုင်ပါတယ်။ ပူးတွဲပါဝင်မယ့် ပစ္စည်းတွေက Extra Battery Kit နဲ့ ဓာတ်ခဲအပိုတစ်လုံး ပါဝင်ပါတယ်။ Desktop Charger လို့ လူသိများပြီး AC Adapter နဲ့ရော USB နဲ့ပါ အားသွင်းနိုင်ပါတယ်။ ဓာတ်ခဲက 3100 mAh ရှိပါတယ်။ နောက်တစ်ခုကတော့ Flip Cover ဖြစ်ပါတယ်။ Flip Cover က သားရေးအစစ်နဲ့ စာအုပ်ပုံစံဖြစ်ပြီး အသုံးမပြုတဲ့အချိန်မှာ ခေါက်သိမ်းထားနိုင်တဲ့ ပုံစံနဲ့ဖြစ်ပါတယ်။ အထူးဈေးနှုန်း ကျပ် ၅၃၀၀၀၀ ဝန်းကျင်ဖြင့် Mobile King ဖုန်း-၅၄၂၀၂၀ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။
အောင်အောင်
Internet journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.