0

ယခုလမှစတင်ကာ စမ်းသပ်ဖွင့်လှစ်လိုက်သော ဆိုက်ရောက်ခရီးသည်ကားကွင်း (Aung Mingalar High – Way Bus Arrival)တွင် ဝိုင်ဖိုင်အခမဲ့ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း Myint and Paing ကုမ္ပဏီမှ ဒါ ရိုက်တာ ဦးသော်ဇင်အောင်က ပြောသည်။

လက်ရှိတွင် ခရီးသည်များပြားသော အချိန်ကို ဦးစားပေးကာ ဝိုင်ဖိုင်အင်တာနက် အခမဲ့အသုံးပြုခွင့်ပေးလျက်ရှိသည်ဟု သိရပြီးနောက်ပိုင်းတွင် အချိန်ပြည့်အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “လက်ရှိအချိန်ပိုင်း ဝိုင်ဖိုင် အခမဲ့အသုံးပြုခွင့်ပေးနေတာဖြစ်ပါတယ်။ မနက် ၃ နာရီခွဲကနေ ၈ နာရီအထိ အသုံးပြုခွင့်ပေးထားတယ်။ ခရီးသည်အများပြားဆုံးအချိန်ကို အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်” ဟု ဦးသော်ဇင်အောင်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် ခရီးသည်တင်ယာဉ်ငယ် ဆိုက်ရောက်ကွင်းကို စမ်းသပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွင်းတွင် အခမဲ့အင်တာနက်စနစ် အသုံးပြုခွင့်ပေးထားခြင်း ဖြစ်သည်။
အဆိုပါ ကွင်းတွင် လုံခြုံရေးဆိုင်ရာများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။ “လုံခြုံရေးနဲ့ပတ်သက်ပြီး CCTV 16 လုံးတပ်ဆင်ထားပါတယ်” ဟု အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းအပြင် ငွေလွှဲကောင်တာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ATM ငွေထုတ်စက်များကို ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ်တို့က တပ်ဆင်ထားသည်ကိုတွေ့ရသည်။ အဆိုပါကွင်းအတွင်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရန် ၂၄ နာရီဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
ထွန်းထွန်း

credit to:Internet Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top