0
အံ့သြစရာပါ။ အမေရိကန်လို နိုင်ငံကြီးမှာ ၅ ဦးလျှင် ၁ ဦး အင်တာနက် လိုင်း မရသေးတဲ့ အခြေအနေ ဖြစ်ကြောင်း Pew Research Center မှ စစ်တမ်းကောက် ဖော်ပြခဲ့ပါတယ်။


ဖြစ်နိုင်ပါတယ်။ လူဦးရေ ၃၁၆ သန်းကျော်တဲ့ ကြီးမားကျယ်ပြန့်သော နိုင်ငံ တစ်နိုင်ငံမှာ နေရာတိုင်းကို အင်တာနက် စနစ် ရောက်ရှိဖို့ အမေရိကန် လည်း မနည်းကြိုးစားရပါတယ်။ ၇၀ ရာခိုင်နှုန်းသော အမေရိကန်မှ အရွယ် ရောက်ပြီးသူများက အင်တာနက် လိုင်း ရပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်းက စမတ်ဖုန်းကတစ်ဆင့် ရပါတယ်။ ဒီတော့ အားလုံးပေါင်း ၈၀ ရာခိုင်နှုန်းကို အကြမ်းဖျဉ်းယူနိုင်ပြီး အများစုကတော့ စမတ်ဖုန်းကနေပါ။

ဧရိယာ ကြီးမားတဲ့ အမေရိကန်မှာ နေရာတိုင်း Internet Connection ရောက် နိုင်ဖို့ နည်းပညာ အခက်အခဲ တွေ့နေပါတယ်။ အသုံးပြုမယ့် နည်းပညာက အစ အသစ်ထွင်ရမှာ ဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ရေဒီယို လိုင်းတစ်ခုကိုပဲ တစ်ဆင့်ပြီး တစ်ဆင့် ကျယ်ပြန့် သွားအောင် ဖန်တီးနိုင် သလို Broadband Internet access ကိုပဲ ထပ်ဆင့်ပွားတဲ့ နည်းရှိ ပေမယ့် အဆင်မပြေသေးဘူး ဆိုပါတယ်။

 ဈေးနှုန်း ကြီးမားမှုကို လျော့ချနိုင်အောင် ကြိုးစားပြီး လူတန်းစေ့ အင်တာနက် ရအောင် ဖန်တီးမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top