၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် အမေရိကန်
ဒေါ်လာ သန်း ၆၀ သုံးစွဲရန် လျာထားကြောင်း သြဂုတ် ၂၉ ရက်က ကျင်းပသည့်
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။
ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အား အခမဲ့ မသင်မနေရ မူလတန်း
ပညာရေးနှင့် ကျောင်းအပ်နှံနှုန်း၊ ကျောင်းနေမြဲနှုန်း
ထိန်းသိမ်းမြှင့်တင်နိုင်ရန် အကျိုးဖြစ်ထွန်းစေမည့် ကျောင်းဖွံ့ဖြိုးရေး
လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆုများ
ပေးအပ်ခြင်း၊ စီမံခန့်ခွဲ့မှု အရည်အသွေး မြင့်မားစေရန်၊ မြန်မာဘာသာစကား
တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ
အမေရိကန်ဒေါ်လာ သန်း ၆၀ ကမ်းလှမ်း လာခြင်းကို ညှိနှိုင်းပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သုံးစွဲဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးက ပြောကြားသည်။
ပညာရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀
သန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ကျေးလက်နှင့်
ဝေးလံဒေသများရှိ ကျောင်းများ၊ ကျောင်းသူ ကျောင်းသားများ၏ ၂ ဒသမ ၅၀
ရာခိုင်နှုန်း အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ သဘောထား
မှတ်ချက်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့်
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်များတွင်လည်း အမေရိကန်ဒေါ်လာ ၂၅ သန်းစီကို
ကျေးလက်နှင့် ဝေးလံဒေသများ၏ ကျောင်းသူ ကျောင်းသားများ၏ ခုနစ်
ရာခိုင်နှုန်းအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
ကမ္ဘာ့ဘဏ်မှ ရရှိမည့် ချေးငွေများအား ပြန်လည်ပေးဆပ်ရန်မှာ ဆိုင်းငံ့ကာလ
၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၃၀ ဖြစ်ပြီး နှစ်၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ကာ
ချေးငွေအတွက် အတိုးနှင့် ကတိခံကြေး ပေးချေရန် မလိုဘဲ ၀န်ဆောင်ခအဖြစ်
တစ်နှစ်လျှင် ချေးငွေပမာဏ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာ ပေးချေရမည်
ဖြစ်ကြောင်း ဒုတိယ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။
ပညာရေး ကဏ္ဍအတွက် ချေးငွေရယူခြင်းနှင့် ပတ်သက်၍ လွှတ်တော်
ကိုယ်စားလှယ်များက ပညာရေးကဏ္ဍ နိမ့်ကျနေသည့် အတွက် မူဝါဒနှင့် စနစ်များကို
ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ အခမဲ့ပညာရေး စနစ်တွေ အတွက် သုံးစွဲရန်
လျာထားသည်မှာ ကောင်းမွန်ကြောင်း၊ ချေးငွေယူပြီး ဆောင်ရွက်ရန် သင့်၊ မသင့်
စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ သုံးစွဲမည့် အစီအစဉ်များကို သိရှိရန်
လိုအပ်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
Eleven Media Group
Home
»
နိုင်ငံရေး
» ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ သုံးစွဲမည်
Related Posts
လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ရန် အမည်စာရင်း နိုင်ငံတော်သမ္မတ လွှတ်တော်တင်
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ထားသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေး လာဘ်ယူမ[...]
Feb 22, 2014သမ္မတ ဦးသိန်းစိန် သယံဇာတ ထုတ်ယူ သုံးစွဲရေး ပွင့်လင်းမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) ဥက္ကဋ္ဌအား တွေ့ဆုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ အော်စလြို[...]
Dec 12, 2013ဦးသိန်းစိန် သမ္မတအဖြစ် အရွေးမခံတော့ဟု ဦးရွှေမန်းပြော
၂၀၁၅ ခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်အနေ နဲ့ သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ သူ့ကိုေ[...]
Oct 24, 2013ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်
သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀[...]
Sep 30, 2013စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ
တပ်မတော်နေ့ အခမ်းအနားတစ်ခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီတပ်ဖွဲ့တစ်ခုကို တွေ့ရစဉ် [...]
Sep 11, 2013ပြည်ထောင်စု အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ဟု သူရဦးရွှေမန်းပြောကြား
ပြည်ထောင်စုအတွက် အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘ[...]
Sep 11, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.