အောက်ဆုံး အဆင့် ရဲဝန်ထမ်းလစာ ၆ သောင်းသာ ရရှိသည့် အတွက် တရား
ဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး လာဘ်ပေး လာဘ်ယူမှုကိုဖြစ်စေကြောင်း
တာမွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။
”အောက်ဆုံးအဆင့် ရဲဝန်ထမ်း တစ်ယောက်က လစာ ၆ သောင်းပဲရ တယ်။ တစ်နေ့မှ ၂
ထောင် နောက်ပြီး တော့ သူတို့မှာ မိသားစုတွေ ရှိတယ်။ ကျောင်းနေရမယ်။
မလောက်ဘူး။ မလောက်တဲ့အခါမှာ ရဲဝန်ထမ်းတွေရဲ့ အမျိုးသမီးတွေဆို
ပြည်သူတွေရဲ့အိမ်မှာ အဝတ်လျှော်ရ တယ်။ ကြားပေါက်လေး ရအောင် လုပ်နေတာတွေ
ရှိတယ်။ အများကြီးဘဲ။ နောက် ဘာဖြစ်လာသလဲ ဆို သူတို့ရဲ့ သားသမီးတွေက ပညာရေး
မှာ မဖွံ့ဖြိုးကြတော့ဘူး။
အဆိုးဆုံး တရားဥပဒေ စိုးမိုးရေးမှာ မတည်ငြိမ်မှု တွေ
ဖြစ်လာတယ်။လာဘ်ပေးလာဘ် ယူမှုတွေဖြစ်လာ တယ်။ နောက်ပြီးတော့ မဟုတ်မမှန်တဲ့
အမှုတွေကို တီထွင်ကြံဆ လာတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ လစာ နည်းမှုအပေါ် မှာ
ဖြစ်လာတဲ့ ပြဿ နာ လေးတွေလာဘ်စားတာတွေ ပြည်သူတွေ အပေါ် ခေါင်းပုံဖြတ်တာတွေ၊
လစာ များများနဲ့သာ ထိန်းသိမ်းနိုင်မယ်ဆိုရင် လာဘ်စားတာတွေ ပ
ပျောက်သွားမယ်။နောက်ပြီး ပြည်သူတွေက ရဲတွေအပေါ် မှာ ကြည်ညိုလာမယ်။
အားကိုးအားထား အစစ်အမှန်ဆိုတာ ပြည်သူတွေက လက်ခံသွားလိမ့်မယ်” ဟု
၎င်းကိုယ်တွေ့ အောက်ခြေအဆင့် ရဲဝန်ထမ်းများ၏ မိသားစုအခြေအနေကို ပြောသည်။
အဆိုပါ အောက်ခြေအဆင့် ရဲ တပ်ဖွဲ့ဝင်များ၏ လစာစရိတ်၊ ဝတ်စုံ၊ ရဲစခန်းပြင်ပ
အိမ်ငှားနေရသည့် အခြေ အနေ၊ မွမ်းမံသင်တန်း တက်ရောက်ခြင်း၊ အချုပ်သားများကို
ရဲက ယခုအချိန် အထိ ရိုက်နှက်မှုရှိနေခြင်း၊ အမျိုးသမီး ရဲဝန်ထမ်းများ
အခြေအနေများနှင့် ပတ် သက်၍ သြဂုတ် ၂၆ရက်တွင် ပြည်သူ့ လွှတ်တော်၌ မေးမြန်းရာ
ပြည်ထဲေ ရး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက
”ရဲတပ်ဖွဲ့ဝင်များ၏ လစာမှာ အရာရှိ၏ အမြင့်ဆုံးလစာ မြို့
နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအနေဖြင့် ၁၅ဝဝဝဝကျပ်ဖြစ်ပြီး အနိမ့်ဆုံးလစာမှာ
ရဲတပ် သား ၆ဝဝဝဝ ကျပ်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို
ရိက္ခာထောက် ပံ့ငွေအဖြစ် တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက် လျှင် ၅ဝဝကျပ်နှုန်းဖြင့်
၂ဝ၁၁-၁၂ခုနှစ် ဘဏ္ဍာရေးနှစ်၊ ၂ဝ၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁
ရက်နေ့ မှစပြီး တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ၈ဝဝ ကျပ်နှုန်း
သို့တိုးမြှင့်ခံစားစေလျက်ရှိကာ နောင်ဘဏ္ဍာရေးနှစ် များတွင်
ဒေသန္တရဈေးနှုန်းများနှင့် ကိုက်ညီမည့် နှုန်းထားများဖြင့်
တိုးမြှင့်တောင်းခံနိုင် ရန်ဆောင်ရွက်လျက် ရှိပါကြောင်း” လွှတ်တော်တွင်
ဖြေကြားခဲ့သည်။
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များကို ပြည်ပ နိုင်ငံသို့ စေလွှတ်ရာတွင်
အမျိုးသမီး တပ်ဖွဲ့ဝင်များစေလွှတ်မှုနှင့်ပတ်သက် ပြီး
နိုင်ငံခြားသင်တန်းဖြစ်သော အမေရိ ကန်၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊အိန္ဒိယ
နိုင်ငံနှင့် မလေးရှားနို င်ငံများ၌ရှိသော သင်တန်းအမျိုးအစား ၅ မျိုးကို
သင်တန်း သား ၅၂ ဦးဖြင့် စေလွှတ်ထားကြောင်း၊ အမေရိကန်နိုင်ငံ သို့ စေလွှတ်သော
သင်တန်းသားများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် အမျိုးသားများသာစေ
လွှတ်ခြင်း ဖြစ်ပြီးတရုတ်၊ အိန္ဒိယနှင့်မလေးရှားနိုင်ငံ များသို့စေလွှတ်သော
သင်တန်းများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များကိုပါ စေလွှတ် လျက်ရှိပါကြောင်း
ပြောကြားခဲ့သည်။
စိုင်းနောင်
Popular New journal
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.