အခြေခံ အဆောက်အဦများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ
ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို
လက်ရှိရောင်းချထား ပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်
ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်၏
ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀
နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး
ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်း
ပြောကြားသည်။ “ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့
အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ
ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ်
ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း
ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ မိုဘိုင်းလ် ဆင်းမ်ကတ်များ
ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ
ရောင်းချနိုင်ခြင်းတို့မှာ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေခြင်းကြောင့်
ဖြစ်ပြီး အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းပေးရန် ဦးသောင်းတင်က
တိုက်တွန်း ပြောကြားသည်။ ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကတ်များမှာ
ပြင်ပပေါက်ဈေး ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ၁၅၀၀ တန် GSM
ဆင်းမ်ကတ်များမှာမူ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း
ဖုန်းဆင်းမ်ကတ် အရောင်းအဝယ် ပြုလုပ်နေသူများက ဆိုသည်။ လစဉ် မိုဘိုင်းလ်
ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့
မဲစနစ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ပြီး လိုအပ်သည့် ဆက်သွယ်ရေး စခန်းများ
တည်ဆောက် တပ်ဆင်ပြီးပါက အကန့်အသတ်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားသည်။
Ref & Credit: The Voice Weekly
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.