0
Myanmar Consolidated Media (MCM) ကုမ္ပဏီ ဖျက်သိမ်းရန် အတွက်သာ အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာတင်ထွန်းဦးက ရှင်းလင်း ပြောကြားခဲ့သည်။
''မြန်မာတိုင်းမ်ဂျာနယ် ရပ်ဆိုင်းဖို့ဆိုတာ မဟုတ်ပါဘူး။ အဓိကတော့ MCM ကုမ္ပဏီ ဖျက်သိမ်းဖို့ အတွက်ပဲ ဖြစ်ပါတယ်'' ဟု သြဂုတ်၂၉ ရက်က ထွက်ရှိခဲ့သော Daily Eleven သတင်းစာပါ ''မြန်မာတိုင်းမ် ရပ်ဆိုင်းရေးအတွက် ဒါရိုက်တာ အဖွဲ့ဝင်တချို့ တရားရုံးသို့ လျှောက်ထား'' ဆိုသည့် သတင်းအပေါ် ဒေါက်တာတင်ထွန်းဦးက ပြန်လည်ဖြေရှင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်ခင်မိုးမိုးနှင့် ရော့စ်ဒန်ကလေတို့ အကြား အပြန်အလှန် တရားစွဲဆိုမှုမှာလည်း အချင်းများခြင်းကြောင့် မဟုတ်ကြောင်း ၎င်းကဆိုသည်။ ဒေါ်ခင်မိုးမိုးသည် မြန်မာတိုင်းမ်ရှိ အဆင့်မြင့် ၀န်ထမ်းများကို ကုမ္ပဏီ အခြေအနေများ ရှင်းပြရန် မြန်မာတိုင်းမ် ရုံးခန်းသို့ သွားရောက်သည်ကို ရော့စ်ဒန်ကလေက နှစ်သက်ခြင်း မရှိရာမှ ၎င်းက ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ပြုလုပ်ခဲ့သောကြောင့် စတင်တရားစွဲဆို ခဲ့ရခြင်းဖြစ်ကြောင်း ဒေါက်တာတင်ထွန်းဦးက ရှင်းပြသည်။
ယင်းအပြင် မြန်မာတိုင်းမ် ဂျာနယ်များ၏ ထုတ်ဝေသူမှာ မိမိနာမည်ဖြင့်သာ ရှိနေကြောင်း ဒေါက်တာတင်ထွန်းဦးက ဆက်လက် ပြောကြားသည်။
Myanmar Consolidated Media (MCM) ကုမ္ပဏီမှ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသော MYANMAR TIMES ဂျာနယ်နှင့် NOW ဂျာနယ်များကို ထုတ်ဝေလျက် ရှိသည်။ မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော THE MYANMR TIMES ဂျာနယ်တွင် စီအီးအိုအဖြစ် ဒေါက်တာတင်ထွန်းဦး၊ အင်္ဂလိပ်ဘာသာ MYANMR TIMES တွင် စီအီးအိုအဖြစ် ဦးမြတ်ဆွေ (ဦးဆန်နီဆွေ) အမည်ဖြင့် ဖော်ပြထားကြောင်း တွေ့ရသည်။
ယင်းသို့ ဖော်ပြပါရှိမှုနှင့် ပတ်သက်ပြီး အသေးစိတ်ကို သိရှိရခြင်း မရှိသေးပေ။ မြန်မာတိုင်းမ် ဂျာနယ်၏ ဆက်လက် ထုတ်ဝေခွင့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍သာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းဦးက ပြောကြားသည်။

Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top