Mashable မှာ What Your College Degree Will Be Worth After 20 Years
ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း ဆောင်းပါး တစ်ပုဒ်ဖတ်ဖြစ်လိုက်လို့ပါ။ ဒီတော့
မြန်မာပြည်မှာတင် မကပဲ နိုင်ငံတကာမှာ ဘွဲ့ရ၊ ဒီဂရီရ လူငယ် များလည်း
အလုပ်အကိုင် အခွင်အလမ်းပြဿနာတွေ ကြုံတွေ့နေရတာကို တပ်အပ်သိမြင်လိုက်ရပါတယ်။
အနီးစပ်ဆုံးအနေနဲ့ စင်္ကာပူမှာဆိုရင်လည်း
ဒီလိုပါပဲ။ NUS မဟုတ်ပဲ သာမန် အခြား ပုဂ္ဂလိက ကျောင်းဆင်း များအနေနဲ့
အလုပ်ရှာဖွေရန် တော်တော်ကြိုးစားရပါတယ်။ အများအားဖြင့်ကိုဆိုလိုတာပါ။ အချို
့အနေနဲ့ အလုပ် ကို အလွယ်တကူ ရသွားကြပါတယ်။ စင်္ကာပူမှာ ပုဂ္ဂလိက
တက္ကသိုလ်ကျောင်းတို့ တက်ရောက်ပြီး ဒီဂရီ ရရှိဖို့ ကြိုးစားနေတဲ့ မိတ်ဆွေ
သူငယ်ချင်းအချို့ နဲ့ဆုံဖြစ်ခဲ့ပါတယ်။ Student Pass နဲ့ ကျောင်းတက်နေပေမယ့်
အလုပ်မရရင် ဗီဆာ သက်တမ်းတိုးလို့ မရတော့ပဲ မြန်မာပြည် ပြန်ရပါတယ်။ S Pass
တို့လို အခြား တရားဝင် အလုပ်လုပ်လို့ရမယ့် ဗီဆာ မျိုးတို့ရရှိမှ
ဆက်နေထိုင်ခွင့်ရတာပါ။ ဒီတော့ Student Pass နဲ့ ကျောင်းတက်နေ တုန်း
မြန်မာလူငယ်များဟာ မိမိအရည်အချင်းကို ကြိုးစားမြင့်တက်ကြပါတယ်။ ပြီးတော့
ကျောင်းပြီးတာနဲ့ အလုပ်ရဖို့ အရေး ကြိုးစားပန်းစားရှာဖွေရပြီး အဆင်ပြေသူတွေ
ပြေသွားကြပါတယ်။ အိုကေ။ ဒါက နိုင်ငံတကာကို ပြောတာပါ။ မြန်မာပြည်ကို
ပြန်ကြည့်ရအောင်။
အသက်မွေးဝမ်းကျောင်းအတွက် သေချာတဲ့
အလုပ်တစ်ခုပါလို့ ဆုပ်ကိုင်နိုင်တဲ့ အင်ဂျင်နီယာ၊ နည်းပညာ၊ ဆေးပညာ
ဘာသာရပ်တို့ကို မပြောတော့ပါဘူး။ အခြားသော ဘာသာရပ်အသီးသီးများဖြစ်တဲ့ သင်္ချာ၊
ရူပဗေဒ၊ ဘူမိဗေဒ၊ ဘောဂဗေဒ၊ ဓာတုဇီဝ၊ အင်္ဂလိပ်၊ ရုက္ခဗေဒ၊ အရှေ့ တိုင်းပညာ၊
ယဉ်ကျေးမှု၊ သမိုင်း၊ မြန်မာစာ တို့အပြင် အခြားအခြား ရေတွက်လို့မကုန်တဲ့
လူတိုင်းတောင် သိရမလွယ်တဲ့ ဘာသာရပ် ပညာရပ်တွေ အများကြီးပါ။ ဒီတော့
တက္ကသိုလ်ကို အမှတ်နည်းနည်းနဲ့အောင်ရင် ယင်းတို့ထဲက အဆင်ပြေမယ့် တစ်ဘာသာကို
ယူပြီး ကျောင်းတက်လိုက်မယ်။ ကျောင်းပြီးရင် ဘွဲ့ယူမယ်။ ပြီးရင်
အခြားအလုပ်လုပ်မယ် ဆိုတာ ဖျက်မရတဲ့ ပုံသေနည်းလို ဖြစ်လို့နေပါပြီ။
ဒီတော့
အမှတ်နည်းနည်းနဲ့ခေါ်တဲ့ ဘာသာရပ်တို့အပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်း
ဖန်တီးပေးနိုင်မှုက အနာဂတ်မှာ မြန်မာပြည်အတွက် ရင်ဆိုင်စရာ
အခက်အခဲတစ်ခုအဖြစ်ရှိလာမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် မိတ်ဆွေတွေထဲမှာလည်း
ယင်းကဲ့သို့ အမှတ်နည်းနည်း ဘာသာရပ်များကို အထူးပြုပြီးကျောင်းပြီးတဲ့ သူတွေ
ရှိပြီး အချို့ က အခြား အလုပ်တွေနဲ့ အဆင်ပြေသွားပါတယ်။ အချို့ က
ဘာအလုပ်မှမ အဆင်မပြေပဲ လည်ရာ၊ပြန်စားရေး ဖြစ်သွားပါတယ်။ အချို့ ကျ
နိုင်ငံခြားသွားလို့ အခြေခံ အလုပ်သမားဘဝ ကို ခံယူပါတယ်။
ဒီတော့
အထူးပြု ဘာသာရပ်အသီးသီးကနေ ဆိုင်ရာဆိုင်ရာ အသက်မွေးဝမ်းကျောင်း Environment
အသီးသီး ဖြစ်ထွန်းလာဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ အများစုက စားဝတ်နေရေး
သင့်တော်ရာ အလုပ် ပြေလည်ဖို့အတွက် (Life Survival Job) လုပ်ရင်း ဝါသနာ၊
ကြိုးစားချင်စိတ် တို့ ပျောက်ကုန်ကြပါတယ်။ အဆင်ပြေပြီးရော
အလုပ်အကိုင်များကို ရွေးချယ်လုပ်ကိုင်ကြပြီး မြန်မာလူငယ်တို့ရဲ့ 
ပညာအရည်အချင်းဟာ တစ်နေ့ထက်တစ်နေ့အတိုက်စားခံခဲ့ကြရ ပါတယ်။
ဒီကိစ္စ
အရင်းအမြစ် ပြဿနာကို မြေလှန်ရှာရင် ဝေးသထက်ဝေးပါလိမ့်မယ်။
အနီးစပ်ဆုံးအနေနဲ့ ပြဿနာ အဖြေရှာ ဖြေရှင်းဖို့အတွက် သင့်မှာလည်း တာဝန်
ရှိပါတယ်။
Let me get your point of view (Comments) how to solve this problem below!
.
အောင်ခမ်း (TSJ team)
Related Posts
ရှေ့သုံးလှမ်းတိုး နောက်နှစ်လှမ်းပြန်ဆုတ်တဲ့ မြန်မာ့မီဒီယာလောက
ထက်အောင်ကျော် (၂၈-၀၂-၂၀၁၄) ၂၀၁၀ ရွေးကောက်ပွဲကနေ စတင်ခဲ့တယ်ပဲဆိုဆို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီး[...]
Feb 27, 2014မြို့ပြနှင့် ကျောင်းပြင်ပ ပညာရေး
ကျောင်းပြင်ပ ပညာရေးဟူသည် ကျောင်းလုံးဝမနေခဲ့ရသည့် ကလေးများနှင့် မူလတန်းပညာရေး မပြီးဆုံ[...]
Feb 22, 2014လူကိုသစ်ပင်ဖြစ်စေသော ရောဂါ
လူကို သစ်ပင်ဖြစ်စေတဲ့ ရောဂါ တကယ်ရှိပါတယ်။ သစ်ပင်ဖြစ်စေတယ် ဆိုတာထက် သစ်မြစ်ဖြစ်စေတယ်ဆိုရင် ပ[...]
Dec 27, 2013အဝေးသင်ဘွဲ့ အပယ်ခံဖြစ်ပြီလား
ပြီးခဲ့သော စက်တင်ဘာလအတွင်း အစိုးရထုတ်နေ့စဉ် သတင်းစာ များ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဌာနက အလု[...]
Oct 18, 2013ဆရာဝန်လုပ်မှာလား၊ ဈေးရောင်းမှာလား
တလောက ကျောင်းနေဖက်ငယ် သူငယ်ချင်းတစ်ယောက်နှင့် ပြန်တွေ့ သည်။ ကိုးတန်းတုန်းကသူနှင့် အထက (၁)[...]
Sep 21, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.