0


- UK နိုင်ငံ Anglia RuskinUniversity တွင် ကျောင်းလျှောက်ထားသူများအား ပညာသင်ဆု အနေဖြင့် စတာလင်ပေါင် ၅၀၀ (သို့မဟုတ်) ၁၀၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အနေဖြင့် မည်သည့် Bachelor Program ကို မဆို လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ အား ပညာသင်ဆု ကို ပေးအပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခု ပြီးထားသူများကိုလည်း Master of Science သို့မဟုတ်  MBA Program ကို လျှောက်ထားသူများကို လည်း  ပေးအပ်မည် ဖြစ်သည်။ လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်း အပေါ်တွင် မူတည်ပြီး ရွေးချယ်၊ ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ IGCSE အောင်မြင်ထားသူများ၊ IGCSE  ဖြေဆိုထားသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

Anglia Ruskin University တွင် Undergraduate Courses (Bachelor Program) နှင့် Postgraduate Course (MBA Program) တို့ကို တက်ရောက်နိုင် မည်ဖြစ်ပြီး Civil Engineering, Mechanical Engineering, Bio-medical Science, Public  Health, Healthcare Management, Medical & Healthcare Education, International Business, Biotechnology, Business Management, Human Re-source Management, Marketing, Engineering Management  စသည်ဖြင့် ဘာသာရပ်များစွာကို မိမိ ကြိုက်နှစ်သက်ရာ ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်၍  အသေးစိတ် သိရှိလိုပါက SR Worldwide Education ဖုန်း-၀၁-၃၈၇၀၂၂၊  ၀၉-၅၄၂၈၈၄၈ တွင် မေးမြန်းနိုင်သည်။

သန္တာ

Myanmar internet journal

Post a Comment

 
Top