0

Windows 8 သုံးစွဲသူများသည်Windows 8.1 အခမဲ့ upgrade အနေဖြင့် အောက်တိုဘာ ၁၇ ရက် တွင် Windows Store မှ download ရယူနိုင်မည် ဖြစ်ကြောင်းသိရသည်။


Microsoft မှ Brandon LeBlanc က Windows 8.1 ကို Windows 8 တစ်နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ သုံးစွဲသူများထံ ဖြန့်ချိမည်ဖြစ်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြောင်း blog post တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။ Microsoft သည် ဆန်းသစ်သော ဒီဇိုင်းနှင့် Windows ဖြစ်သော Windows 8 ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် ဖြန့်ချိပေးခဲ့သည်။ သို့ရာတွင် သုံးစွဲသူများမှာ Windows 8 operating system ၏ အားနည်းချက်များကို ဝေဖန်ထောက်ပြခဲ့ပြီးနောက် Microsoft က Start ခလုတ်နှင့် အဆင့်မြှင့်ထားသည့် feature သစ်များပါဝင်သော Windows 8.1 ကို update အနေနှင့်
ဖြန့်ချိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Microsoft သည် Windows 8 တွင် ဖယ်ရှားခဲ့သည့် Start ခလုတ်ကို Windows 8.1 တွင်ပြည်လည် ထည့်သွင်းခဲ့သည်။ ထို့ကြောင့် Windofws 8.1 Desktop Screen ၏ ဘယ်ဘက်ထောင့်တွင် Start ခလုတ်ကို
တွေ့မြင်ရမည်ဖြစ်သည်။ ၎င်းကို နှိပ်လိုက်သည့်အခါတွင် Microsoft ၏ live tiles နှင့် app များပါဝင်သည့် Start Screen ပေါ်လာမည်ဖြစ်သည်။

Windows 8.1 ၏ သိသာထင်ရှားသော ပြောင်းလဲမှုမှာ boot to desktop option ပါဝင်လာခြင်းဖြစ်ကြောင်း၊ ထို့အပြင် Start Screen ကိုလည်း သိသာထင်ရှားစွာ ပြောင်းလဲပြင်ဆင်ထားကြောင်း သိရသည်။
-နောင်နောင်
 
Ref: ABCNews

Post a Comment

 
Top