မြန်မာနိုင်ငံအတွင်း
ခန့်အပ်လျှက် ရှိသော Network Engineer, Network Administrator အစ ရှိသည့် ရာထူးများ
အတွက် Linux Server ကျွမ်းကျင်မှုအပိုင်းသည် လုပ်ငန်းရှင်များဘက်မှ အလိုရှိလာခဲ့သည့်
Open Source နည်းပညာရပ်တစ်ခု အဖြစ် ရပ်တည်လျက်ရှိပြီး Linux Server ၏ အသုံးဝင်မှုနှင့်
လူကြိုက် များလာမှုတို့ကြောင့်လည်း အနာဂတ်အတွက် မတက်မဖြစ် တက်ရောက်ထားသင့်သည့် သင်တန်း
အမျိုးအစား တစ်ခု ဖြစ်လာခဲ့ရာ Linux Server ပိုင်းကို ဆက်လက် လေ့လာလိုသူများ အတွက်
Linux Server သင်တန်းကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ACH Computer သင်တန်းကျောင်းမှ သိရသည်။
အဆိုပါသင်တန်းတွင်
Linux Server ကို Foundation Course မှ စတင်သင်ကြားရမည် ဖြစ်ပြီး Linux Basic,
Linux Networking, Linux Firewall Bandwidth Limitation, Permission, DHCP, DNS,
FTP အစရှိသည့် သင်ခန်းစာများ အပြင် Cent OS Linux Serverပိုင်းများ ဖြစ်သော Mail
Server, Web Server, Proxy Server Management အစရှိသည့် Server ပိုင်းများထိ ကျွမ်းကျင်ပိုင်နိုင်မှု
ရှိစေရန် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကို
ရုံးချိန်လွတ် စနေ၊ တနင်္ဂနွေ့နေ့များတွင် ပို့ချပေးမည်ဖြစ်ပြီး သင်တန်း ကာလမှာ ၃
လ ကြာမြင့်မည် ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် သြဂုတ်လ ၁၅ ရက်မတိုင်မီ
လာရောက် အပ်နှံရမည် ဖြစ်ပြီး ၁၅ ရက် နောက်ပိုင်းမှ လာရောက် အပ်နှံကြသူများမှာ ရုံးချိန်လွတ်
မဟုတ်သော အခြား တန်းခွဲတွင်သာ တက်ရောက်ခွင့် ရမည်ဟု သိရသည်။ စိတ်ဝင်စားသူများ
အနေဖြင့် ACH Computer Training Center ဖုန်း-၀၉-၄၃၀၆၇၆၉၂ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။
အေးဖြူ
http://www.myanmarinternetjournal.com
Post a Comment