Firefox၏ မိုဘိုင်းလ် OSကို အသုံးပြုထားသည့် တန်ဖိုးနည်း စမတ်ဖုန်း
တစ်မျိုးကို ZTE ကုမ္ပဏီက ထုတ်လုပ် ရောင်းချသွားမည်ဟု သိရှိရသည်။
Touchscreen နည်းပညာသုံး အဆိုပါ စမတ်ဖုန်းသည် ဒေါ်လာ (၈၀)မျှသာ
တန်ဖိုးသတ်မှတ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြန့်ကျက် ရောင်းချရန်
ရည်ရွယ်ထားပြီး ဖြစ်သည်။ လက်ရှိတွင် စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု နယ်ပယ်၌
Google၏ Android OSက လူသုံးအများဆုံး ဖြစ်နေပြီး Apple၏ iOSက
ဒုတိယလိုက်နေသည်မှာ အငြင်းပွားစရာမဟုတ်ချေ။ သို့သော်လည်း
ZTE၏ ဖုန်းအသစ်နှင့်အတူ ထွက်ပေါ်လာသည့် မေးခွန်းတစ်ခုမှာ တတိယ နေရာတွင် မည်သည့် မိုဘိုင်းလ်OSက ရပ်တည်နိုင်မည် ဆိုခြင်းပင် ဖြစ်သည်။
Windowsဖုန်းများ၊ Blackberry၏ ကိုယ်ပိုင် OSစနစ်နှင့် Linux အခြေခံ ဖုန်းများသည် ယခုအခါ ဈေးကွက်နေရာအတွက် ပြိုင်ဘက်သစ်ကို
စောင့်ကြည့်ရတော့မည် ဖြစ်သည်။ ZTE Openဖုန်းကို သက်သာသော
ဈေးနှုန်းတစ်ရပ်ဖြင့် eBayမှတစ်ဆင့် ဖြန့်ကျက် ရောင်းချသွားမည် ဖြစ်သည်။
Firefox OS၏ မိခင်ကုမ္ပဏီဖြစ်သော Mozillaသည် မည်သည့် မိုဘိုင်းလ်ကွန်ရက်
ကုမ္ပဏီကြီးများကိုမျှ အမှီမပြုဘဲ ကမ္ဘာအနှံ့သို့ ဖုန်းများ
ရောင်းချပေးနိုင်ရန် စိတ်ကူးထားသည်။ လာမည့်လတွင် ZTE Openကို အမေရိကန်၊
ဗြိတိန်တို့တွင် စတင်ရောင်းချမည်ဟု ZTE က
ကြေညာသည်။ စပိန်၊ ဗင်နီဇွဲလားနှင့် ကိုလံဘီယာတို့တွင် အဆိုပါ ဖုန်းများကို စတင်ဝယ်ယူနိုင်နေပြီ ဖြစ်သည်။
ZTE Openသည် ဈေးကွက်အတွင်းရှိ အလွန်အဆင့်မြင့်သော စမတ်ဖုန်း
များနှင့် ယှဉ်ပြိုင်ရန် မရည်ရွယ်သေးဘဲ တန်ဖိုးနည်း ဟန်းဆက် နယ်ပယ်တွင်သာ
စတင်အခြေချဖွယ် ရှိနေသည်။ ယင်းဖုန်းတွင် (၃.၅)လက်မအရွယ် Screen ပါဝင်ပြီး
Memoryမှ 256MB RAMသာ ပါရှိသည်။ သိုလှောင်မှုစွမ်းရည် 512MB
ထည့်သွင်းပေးထားပြီး Bluetooth၊ GPSစနစ်များပါ ထည့်သွင်းထားသည်။ CPUမှာ
Single-Core 1GHz Qualcomm MSM7225A Snapdragonဟု ဆိုသည်။ Firefox OSသည်
ZTE Openဖြင့် စတင်မိတ်ဆက်လာပြီး နောက်ပိုင်းတွင် ပိုမို စွမ်းဆောင်ရည်
ကောင်းမွန်သော ဖုန်းများပါ ထုတ်လုပ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref & Credit: Planet Myanmar Network
Related Posts
အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်များ
အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်တွေကိုသိချင်တဲ့ မိတ်ဆွေတွေအတွက်ဗဟုသုတရအောင်ပြန်လည်မျှ[...]
Sep 26, 2013မြန်မာစာ ၊ မြန်မာကီးဘုတ်နဲ့ ကြိုက်နှစ်သက်ရာဆော့ဝဲသွင်းပြီးသား Android Custom Firmware အလွယ်လုပ်နည်း
မြန်မာစာ ၊ ကီးဘုတ်နဲ့ ကြိုက်နှစ်သက်ရာ ဆော့ဝဲသွင်းပြီးသားCustom firmware အလွယ်ဆုံးလုပ်နည်းကို ကျွန်[...]
Aug 10, 2013မြန်မာ web လမ်းညွန် Application (For စက်ရုပ်)
Normal 0 false false false EN-US X-NONE TH [...]
Jul 14, 2013Google Play မှ Application , Games များကို ကွန်ပျူတာအတွင်းသို့ Download ရယူနည်း
အားလုံးလည်းသိမှာပါ phone နဲ့မှဝင်ကြည့်လို့ရတာ ပါ ဒါတောင် အထောက်အပံမပေးတဲ့ phone ဆိုသုံးလို့ ရတာ[...]
Jul 12, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.