မြန်မာစာ ၊ ကီးဘုတ်နဲ့ ကြိုက်နှစ်သက်ရာ ဆော့ဝဲသွင်းပြီးသားCustom firmware အလွယ်ဆုံးလုပ်နည်းကို ကျွန်တော်ပြောပြမယ်ဗျာ။အရင်ဆုံး ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ Custom Firmware တစ်ခုကို Site တစ်ခုခုကနေ download ရယူထားလိုက်ပါ။ပြီးရင် အဲဒီ firmware ဇစ်ဖိုင်ကို 7zip ဆော့ဝဲအသုံးပြုပြီး Open Archive
နဲ့ဖွင့်ကြည့်ပါ။ ဖြည်စရာမလိုဘူးနော်။ အဲဒီထဲမှာ boot.img ရယ် system
folder ရယ် meta ဆိုတဲ့ folder ရယ်ပါတယ်။ boot.img နဲ့ meta
ဖိုဒါကိုဘာမှမလုပ်နဲ့ ။ ဒီအတိုင်းထား ။ကျနော်တို့ ပြင်မှာ system folder ပဲ ။
ကဲ အရင်ဆုံး firmware ထဲကိုမြန်မာစာထည့်မယ်။အရင်ဆုံး ဘာကိုအရန်သင့်လုပ်ထားရမလဲဆိုတော့ Frozenkeyboard apk ဒါမှမဟုတ်
bagan keyboard apk ကိုကွန်ပျူတာ desktop ပေါ်မှာအရန်သင့်ချထားပါ။
ပြီးရင်ကွန်ပျူတာdesktop ပေါ်မှာပဲ ဇော်ဂျီဖောင့်တစ်ခုကိုနာမည်သုံးမျိုးနဲ့ ဖောင့်သုံးခုပွားထားပါ။ဘာနာမည်တွေနဲ့လဲဆိုတော့
“DroidSansFallback.ttf , DroidSans.ttf , Roboto-Regular.ttf”
ဇော်ဂျီဖောင့်တစ်ခုတည်းကို အဲဒီနာမည်သုံးခုနဲ့ ဖောင့်သုံးခုပွားထားပါ။
ပီးရင်ခုနက firmware ဖိုင်ကို 7zip အသုံးပြုဖွင့်ထားတဲ့ထဲကနေ system folder
ထဲဝင်ပြီး fonts ဖိုဒါထဲထပ်ဝင်လိုက်ပါ။ အဲဒီထဲမှာ
ဖောင့်တွေအများကြီးရှိပါတယ်။ အဲဒီထဲက DroidSansFallback.ttf ,
DroidSans.ttf , Roboto-Regular.ttf
စတဲ့နာမည်နဲ့ဖောင့်သုံးခုကိုရှာပြီးဖျက်လိုက်ပါ။ ပြီးရင် ခုနက
ဇော်ဂျီဖောင့်ကိုဖောင့်သုံးခုပွားလိုက်တဲ့ဟာရှိတယ်လေ ။ အဲဒီသုံးခုကို
firmware ရဲ့ fonts folder ထဲကိုထည့်လိုက်ပါ ။ copy/paste
လုပ်ထည့်လို့ရပါတယ်။ ပြီးရင် fonts ဖိုဒါကနေပြန်ထွက်ပါ။ အဲဒီ system folder
ထဲမှာပဲ app ဆိုတဲ့ ဖိုဒါတစ်ခုပါသေးတယ်။ အဲဒီထဲကိုဝင်ပါ။ ခုနက desktop
ပေါ်မှာအရန်သင့်ချထားတဲ့ frozenkeyboard.apk ကိုအဲဒီ app folder ထဲ
copy/paste လုပ်ထည့်လိုက်ပါ။ တခြား ကိုယ့်စိတ်ကြိုက်
ဆော့ဝဲသွင်းချင်သေးတယ်ဆိုရင်တော့ app folder ထဲကိုပဲခုနက ကီးဘုတ် apk
ထည့်ခဲ့သလို copy paste လုပ်ထည့်လိုက်ပါ။ တစ်ခုသတိထားရမှာက app folder
ထဲကို apk ဖိုင်တွေထည့်တဲ့နေရာမှာ ထည့်မယ့် apk ဖိုင်တွေကို
နာမည်အခက်ကြီးတွေမပေးပါနဲ့။ “a.apk”, “b.apk” .. အဲဒါမျိုးတွေပဲပေးပါ။
character တစ်ခုခုပါလာရင် အခန့်မသင့်ရင် firmware boot
မတက်သည်အထိဖြစ်တတ်ပါတယ်။
ကဲ.. အခု အကုန်ထည့်ပြီးပြီဆိုရင်တော့ 7zip နဲ့ဖွင့်ထားတာကို ပိတ်လိုက်ပါ။
အင်တာနက်မှာရှာကြည့်လိုက်ပါ။ Zip Signer ဆိုတဲ့ဆော့ဝဲရှိပါတယ်။ အဲဒါနဲ့
အခုပြုပြင်လိုက်တဲ့ firmware ကို sign ပြန်လုပ်ရပါမယ်။ sign လုပ်လိုက်ရင်
sign ဖြစ်သွားတဲ့ firmware တစ်ခု အဲဒီ zip signer ဆော့ဝဲရဲ့
ဖိုဒါထဲမှာပဲပေါ်လာပါမယ်။ အဲဒီ firmware ဖိုင်ကို ကိုယ့်ဖုန်းရဲ့ sd card
ထဲထည့် ၊ CWM Recovery ထဲကနေ flash လိုက်ရုံပါပဲ။ ပြီးပြီဆိုရင်တော့
မြန်မာစာ ၊ မြန်မာကီးဘုတ်နဲ့ စိတ်ကြိုက် ဆော့ဝဲတွေပါတဲ့ firmware
တစ်ခုကိုဖုန်းမှာ တင်လိုက်ပြီးဖြစ်သလို ကွန်ပျူတာမှာလည်း ကိုယ်ပြင်ထားတဲ့
မြန်မာစာပါပြီး firmware ရှိနေပြီပေါ့။ ကဲ…. ဒါပါပဲဗျာ.
ကျွန်တော်သိတဲ့ လေ့လာနေတဲ့ အသိတရားတွေဟာ အားလုံးကိုမျှဝေဖို့ပါ။
သက်နိုင်စိုး
Myanmar Mobile Application Store
Home
»
မိုဘိုင်းဆိုင်ရာ
» မြန်မာစာ ၊ မြန်မာကီးဘုတ်နဲ့ ကြိုက်နှစ်သက်ရာဆော့ဝဲသွင်းပြီးသား Android Custom Firmware အလွယ်လုပ်နည်း
Related Posts
အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်များ
အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်တွေကိုသိချင်တဲ့ မိတ်ဆွေတွေအတွက်ဗဟုသုတရအောင်ပြန်လည်မျှ[...]
Sep 26, 2013Firefox OS အသုံးပြုထားသည့် ဒေါ်လာ ၈၀ တန် ZTE ဖုန်း
Firefox၏ မိုဘိုင်းလ် OSကို အသုံးပြုထားသည့် တန်ဖိုးနည်း စမတ်ဖုန်း တစ်မျိုးကို ZTE ကုမ္ပဏီက ထုတ်လုပ်[...]
Aug 15, 2013မြန်မာ web လမ်းညွန် Application (For စက်ရုပ်)
Normal 0 false false false EN-US X-NONE TH [...]
Jul 14, 2013Google Play မှ Application , Games များကို ကွန်ပျူတာအတွင်းသို့ Download ရယူနည်း
အားလုံးလည်းသိမှာပါ phone နဲ့မှဝင်ကြည့်လို့ရတာ ပါ ဒါတောင် အထောက်အပံမပေးတဲ့ phone ဆိုသုံးလို့ ရတာ[...]
Jul 12, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.