1
ဂျပန်သံရုံးနှင့် MAJA တို့ ပူးပေါင်း၍ ကျင်းပမည့် ဂျပန်ဘာသာအရည် အချင်းစစ် စာမေးပွဲ JAPANESE LANGUAGE PROFICIENCY TEST (JLPT) 2013 ဖြေဆိုလိုသူများ ကို လျှောက်လွှာ ခေါ်ယူလျက် ရှိသည် ဟု သတင်း ရရှိသည်။


အဆိုပါ စာမေးပွဲသည် မိမိဂျပန်ဘာသာကို မည်မျှ ကျွမ်းကျင်သည် ဆိုသည်ကို အသိအမှတ်ပြုပေးမည့် စာမေးပွဲ ဖြစ်သည်။ စာမေးပွဲ အောင်မြင်သူများ အနေဖြင့် ဂျပန်နိုင်ငံမှ သာမက တစ်ကမ္ဘာလုံး က အသိအမှတ်ပြု လက်မှတ် ရရှိမည်ဖြစ်သည်။

“ဒီစာမေးပွဲက IELTS လိုဘဲ၊ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်။ ဂျပန်နိုင်ငံမှာ ဖြစ်ဖြစ် အခြား မည်သည့် နိုင်ငံမှာမဆို မိမိဂျပန်စာ ဘယ်လောက်တတ်တယ် ဆိုတာကို ဒီစာမေးပွဲ ဖြေထားတဲ့ လက်မှတ်နဲ့ သက်သေပြနိုင်တယ်။ စာမေးပွဲကို N1 ကနေစပြီး N5 ဆိုပြီး ငါးမျိုးခွဲထားတယ်။ N1 က အမြင့်ဆုံးပါ”ဟု MAJA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

N1  အတွက် စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ ၁၂ ၊ N2 နှင့် N3  အတွက် စာမေးပွဲကြေးမှာ အမေရိကန် ဒေါ်လာ ၁၀ ဖြစ်ပြီး N4 နှင့် အတွက် စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ ၈ ဖြစ်သည်ဟု သိရသည်။စာမေးပွဲ လျှောက်လွှာများကို သြဂုတ်လ ၂၇၊ ၂၈ နှင့် ၂၉ ရက် များတွင် HITO Center ၁၂ လမ်း နှင့် ၈၀ လမ်းထောင့်၊ မန္တလေးမြို့ တွင် လျှောက်လွှာပုံစံကြေးပေး၍ လျှောက်ထားနိုင်သည်။

MAJA ရုံးခန်း၊ ၀၉-၈၆၁၂၁၅၁ နှင့် ၀၂-၃၁၇၆၂  သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်သည်။

ကိုဟိန်း

Myanmar internet journal

Post a Comment

  1. လျှောက်လွှာ များကိုဝယ်ပြီးတော့ ဖြေမည့်ရက်ကျရင် လာဖြေရမလား။ လျှောက်လွှာရောင်းတဲ့ ဆိုင်တွေက မြို့ ကြီး မှာဆိုတော့ နယ်ကလူတွေက ဘယ်လိုဝယ်လို့ ရမလဲ ဆိုတာ သိချင်ပါတယ်။ valentimegirllay@gmail.com ကိုမေးလ် ပို့ပေးစေချင်ပါတယ်ရှင်။ အောင်မြင်ပါစေနော်။

    ReplyDelete

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top