0
၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ကိုလံဘတ် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ပထမဆုံး လေယာဉ် ခရီးစဉ် အချိန်ဇယား ကြည့်ရှုပြီး လက်မှတ် မှာယူနိုင်မည့် စနစ်ကို Android မိုဘိုင်းဖုန်းများတွင် ပြည်တွင်းမှ ပြည်ပသို့ ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း
သိရှိရပါသည်။ ဤ Application ၏ ထူးခြားချက်တွေကတော့ မြန်မာပြည်ကနေ စထွက်သည့် လေကြောင်းလိုင်းများ၏ အချိန်ဇယားများ ဖြစ်ပါသည်။ မြန်မာပြည်မှ စထွက်မည့် လေကြောင်းလိုင်းများကို ကြည့်ရှု စုံစမ်းနိုင်မည့် Application တစ်ခု ဖြစ်ပါသည်။ SMS စနစ်ဖြင့် အသုံးပြုနိုင်ပြီး ကြိုတင်လက်မှတ် မှာယူနိုင်ရန်အတွက် SMS Service နှင့် ဤ Software ကို လင့်ချိတ်ထားခြင်း ဖြစ်ပါသည်။
ထို့နောက် ဤ App မှ လေကြောင်းခရီးစဉ် နေ့ရက်၊ အချိန်စာရင်းများ ကြည့်ရှုပြီး လက်မှတ် မှာယူချင်သူတွေ အတွက် မိမိသွားချင်သည့် လေယာဉ်နေ့ရက်၊ အချိန်နေရာများကို SMS ဖြင့် တိုက်ရိုက် ကြိုတင်မှာယူနိုင်ရန် လုပ်ဆောင်ပေးထားပြီး “လေယာဉ်နေ့ရက် အချိန်နေရာတွေကို သိချင်သူ Customer များက ပို့ပေးသော SMS တွင်း အဆိုပါ Customer ရဲ့ ဖုန်းနံပါတ် ပါဝင်နေပြီး ၎င်းကို လေယာဉ် နေ့ရက် အချိန်နေရာတွေကို ဖြေကြားပေးပါမည်။ Customer ကိုယ်တိုင် ရုံးသို့ လာရောက် လက်မှတ်ထုတ်ယူပြီး ငွေပေးချေရမည်” ဟု ကိုလံဘတ်စ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားပါသည်။
ကိုလံဘတ်စ် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ ဦးလှမျိုးက “ကျွန်တော်တို့ရဲ့ SMS ထဲကို လက်မှတ် မှာထားတဲ့ အကြောင်းအရာတွေ အားလုံး ဝင်ရောက်လာရင် ကျွန်တော်တို့က ဝယ်ယူမယ့် သူတွေကို ဘယ်သွားချင်တာလဲ ဈေးနှုန်းကတော့ ဒီလောက်ရှိတယ် ဆိုတာကို Follow Up ပြန်လိုက်ပြီး SMS ပြန်ပို့ပေးမှာပါ။ နောက်တစ်ခုက သတင်းတွေပါ။ ကိုလံဘတ်စ် ဘာတွေလုပ်နေတယ် နောက် ဘာတွေ အသစ်ရှိလဲဆိုတာ အသစ်ရှိရင် ကျွန်တော်တို့က Update လုပ်ပေးမှာပါ။ Online ဖွင့်လိုက်တိုင်း သူ့ဘာသာသူ Update တက်လာပါလိမ့်မယ်။ နောက်ပြီး လေကြောင်းလိုင်းတွေရဲ့ ရုံးခန်းတွေ အကြောင်းပါ။ ရန်ကုန်မြို့ကနေ ပြေးဆွဲနေတဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ ရုံးဖုန်းနံပါတ်တွေ၊ လေဆိပ်ဖုန်းနံပါတ်တွေ အားလုံး ဒီအထဲမှာ ရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားထားပါသည်။
အဆိုပါ Android Application လိုချင်သူများ အနေဖြင့် Google Play တွင် Myanmar Flight ဟု ရိုက်လိုက်လျှင် ကိုလံဘတ်စ် Logo ရွက်လှေလေးဖြင့် ကျလာမည်ဖြစ်ကြောင်း သိရှိရပါသည်။ နာမည်ကြီး ဖုန်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ Bluetooth ကော်နာများတွင် ဆော့ဖ်ဝဲကို အခမဲ့ ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Columbus Travel and Tour ဖုန်းဆော့ဝဲလေးကို အောက်က link မှာ download ရယူနိုင်ပါသည်။


Ref & Credit: Smart Pro Journal

http://www.myanmarmobileapp.com

Post a Comment

 
Top