0
 
နေမာကြောင့် စပိန်အခွန်ဌာနသို့ ဘာစီလိုနာ ပေါင် ၁၁.၂သန်း ပေးခဲ့ရ
 
 
 
 
 
 
 
 
 
 
 
 
ဘာစီလိုနာမှာ နေမာကို ခေါ်ယူခဲ့ စဉ်က ပြောင်းရွှေ့ကြေးအမှား ထုတ်ပြန်ခဲ့သည့်အတွက် စပိန် အခွန်ဌာနသို့ ပေါင် ၁၁.၂သန်း
ပေးဆောင်ခဲ့ရသည်။ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလက ဆန်းတို့စ်တိုက်စစ်မှူး နေမာကို ပေါင် ၄၈.၆ သန်းဖြင့် ခေါ်ယူခဲ့သည်ဟု ဘာစီလိုနာမှ ကနဦးဖော်ပြခဲ့သော်လည်း ဘာစီလိုနာ ပရိသတ်တစ်ဦးက အဆိုပါ အပြောင်းအရွှေ့တွင် မသမာမှုများ ရှိနေသည်ဟု စွပ်စွဲခဲ့ပြီး စုံစမ်းစစ်ဆေးရန် စပိန်တရားရုံးသို့ တင်ပြခဲ့သည်။
ထို့နောက် စပိန်တရားရုံးမှ နေမာ၏ အပြောင်းအရွှေ့ကို စစ်ဆေးမည်ဟု အတည်ပြုခဲ့ပြီး ဘာစီလိုနာ ဥက္ကဋ္ဌ ရိုဆဲလ်မှာလည်း အဆိုပါကိစ္စကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ဘာစီလိုနာကလည်း နေမာ၏ပြောင်းရွှေ့ကြေးမှာ ပေါင်(၇၁.၂)သန်းထိ ရှိခဲ့သည်ဟု ထပ်မံကြေညာခဲ့သည်။ သို့သော် အခွန်ရှောင်တိမ်းလိုသည့်အတွက် ယခုကဲ့သို့ ပေးချေခဲ့ခြင်းမဟုတ်ဘဲ ပြောင်းရွှေ့ကြေး မှားယွင်းဖော်ပြခဲ့ခြင်းကြောင့် ကလပ်အသင်း၏ ဂုဏ်သိက္ခာကို ပြန်ဆည်ရန်အတွက်သာ ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ထားသည်။ ဘာစီလိုနာက စပိန်အခွန်ဌာနသို့ ပေါင် ၁၁.၂သန်း ပေးဆောင်ခဲ့သော်လည်း ဥပေဒေအရ အရေးယူခံရမည်မဟုတ်ဟု တရားသေမပြောနိုင်သေးကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

zaw zaw tun


Ref=ရိုးရာလေး

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top