
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဗဟိုသံဃဝန်ဆောင် ဆရာတော် ၅ ပါးနှင့် ဒေသခံဆရာတော်စုစုပေါင်း ၂၇ ပါးတို့က ယခုလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဆားလင်းကြီးမြို့နယ် ကံစွယ် ကျောင်းတိုက်၌ ဒေသခံများ၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်ဟု လက်ပံေ တာင်းတောင်စီမံ ကိန်းအကောင် အထည်ဖော်ရေးကော်မတီ ရုံးအဖွဲ့မှူး ဦးတင်မိုးဇော်က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
”မကြာမီ သိမ်နုတ်ပြီး ရွှေ့ပါ့မယ်။ သိမ်နုတ်ပြီး ကျော်ရွာနားကို ပြောင်းရွှေ့ ပါ့မယ်”ဟု ၄င်းက ပြောသည်။
သမိုင်းဆိုင်ရာ အငြင်းပွားဖွယ်ရာ ဖြစ်နေသော အဆိုပါ သိမ်တော်နှင့် စေတီတော်မှာ စီမံကိန်းအဓိကနေရာတွင် တည်ရှိနေ ပြီး ပြောင်းရွှေ့မည့်ကျေးရွာ မှာ ၄င်းနှင့် တစ် မိုင်အကွာတွင် တည်ရှိ သည်။
ထို့အတွက်ကြောင့် ဒေသခံတို့က မရွှေ့ပြောင်းရန် တောင်းဆိုမှုများကို ယခင်နှစ်က ပြုလုပ်ခဲ့ပြီး ထိုနှစ် အောက် တိုဘာလတွင် ရန်ကုန်၊ မန္တလေးတို့မှ လက်ပံတောင်းေ တာင်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် မှုများရှိခဲ့သည်။ လက်ပံ တောင်းတောင်အရေး တက်ကြွ လှုပ်ရှား သူတို့က လွှတ်တော်၏ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မရမချင်း မရွှေ့ပြောင်းပါ ဆိုသည့်အချက်ကို အဓိက တောင်းဆို ထားသည်။
မုံရွာဒေသခံ စာရေးဆရာကြီး ဦး အံ့မောင်က ”လယ်တီဆရာတော် သိမ် ဟုတ်၏၊ မဟုတ်၏။ အစဉ်အလာရှိ၏၊ မရှိ၏ ဆိုတာကို သူတို့မစဉ်းစားဘူး။ ဒီနေရာက ကြေးနီ သိုက်ရဲ့ အဓိကနေရာ ကျလို့ ပယ်ဖျက်တာပဲ”ဟု သူ့အမြင်ကို ပြောသည်။ ယခု ပယ်ဖျက်လိုက်သော နေရာကို မုံရွာဒေသခံ တို့က သမိုင်းဝင် နေရာဟု စွဲမြဲစွာမှတ်ယူထား ပါကြောင်း လည်း ၄င်းက ဆိုသည်။
၂ဝ၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ပူးပေါင်းပါဝင်သော စုံစမ်းရေး ကော်မရှင်က စီမံကိန်းဆက်လုပ် သင့် ကြောင်း ထောက်ခံ ခဲ့ပြီး လိုက်နာပြင် ဆင်ဆောင်ရွက်ရမည့် အချက်များကို ထောက်ပြခဲ့သည်။
ယခု သိမ်တော်နှင့် စေတီတော် ရွှေ့ပြောင်းရခြင်းမှာ အစီရင်ခံစာအရ ဟု ရွှေ့ပြောင်းမှုအပေါ် သမ္မတရုံးဝန်ကြီး ဌာနက အကြောင်းပြချက်ပေးထား သည်။
အဆိုပါ စီမံကိန်းကို တရုတ် ဝမ် ပေါင်ကုမ္ပဏီ၊ တပ်မတော်ပိုင် ဦးပိုင် ကုမ္ပဏီနှင့် နိုင်ငံတော်တို့က အချိုးကျ ခွဲဝေရယူမှုဖြင့် လုပ်ဆောင်နေသည်။
PN-051
Popular Myanmar News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.