
ဗဟန်း ဆရာစံတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥ ပဒေတွင်ပါရှိသည့် ငွေကြေးအလွဲသုံးစားမှုနှင့် ငြိစွန်းခြင်းဖြစ်သည့် မြို့နယ်အဆင့်မှငွေကြေးကောက်ခိုင်း ခြင်းမရှိဘဲ ၎င်း၏သဘောဆန္ဒဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှစ၍ စက်တင်ဘာလ အထိ ငွေကျပ်တစ်သိန်းနှစ် သောင်း ကောက်ခံထားခဲ့သည်ဟု ၀န်ကြီးက ဆိုသည်။
ထိုသို့ ကောက်ယူခဲ့သည့်အတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် တာဝန်မှထုတ်ပယ်ရခြင်းဖြစ်သည်ဟု ရှင်း လင်းခဲ့သည်။ အဆိုပါဥပဒေရှိ တာဝန်မှရပ်စဲခြင်းဥပဒေ ပုဒ်မ-၃၃ အရ အရေးယူရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ဗိုလ်မှူးကြီးတင်ဝင်းက “ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ ငွေကိုင်ခွင့်မရှိဘူး။ ဒါကို ဦးမောင်မောင်ထွန်းက ပြည်သူတွေဆီက ကောက်ခံထားတဲ့ငွေတွေကို ရုံးရဲ့အသုံးစရိတ်အဖြစ် သုံးလိုက်တယ်ဆိုတာ စစ်ဆေး တွေ့ရှိတယ်။ သူကိုယ်တိုင်ကလည်း သုံးပါတယ်လို့ ၀န်ခံထားတယ်”ဟု ဆိုသည်။
ဗဟန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ထုတ်ပယ်ခံရသည်ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက် တွင် ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်မှ ပြည်သူ၂၀၀ ခန့်က ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ တာဝန်မှ ရပ်စဲခံရသော ရပ်ကွက်မှတင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူးကို ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးရန် ဆရာစံတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဦးချစ်မောင်လမ်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ငွေကြေး အလွဲသုံးစားပြုခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းရပ်ကွက်မှနေ ပြည် သူနှစ်ဦးက သုံးကြိမ် တိုင်ကြားမှုကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က လာရောက်စစ်ဆေးရာမှ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သက်သာဆိုင်ခန်းများနှင့် ကျူးကျော်သူများထံမှ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေးကောက်ခံခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့ အထွေထွေအုပ် ချုပ်ရေးမှုး ဦးသန်းအောင်က ရှင်းလင်းပြောကြားခဲ့သည်။
လပြည့်ဝန်း
Mizzima - News in Burmese
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.