0
သူငယ်တန်းမှ ဒသမတန်းအထိပေးအပ်နေသော အခြေခံပညာအဆင့်ပညာသင်ထောက်ပံ့ကြေး အစီအစဉ်တွင် မူလတန်းအဆင့်ကျောင်းသားဦးရေကို တိုးမြှင့်ရွေးချယ်ချီးမြှင့်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူတစ်သောင်းတစ်ထောင်ကျော်အား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူတစ် သောင်းခြောက်ထောင်ကျော်အထိ တိုးမြှင့်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
"မူလတန်းတစ်တန်းကိုကျောင်းသား၊ ကျောင်းသူတစ်ထောင်စီ တိုးမြှင့်ပေးအပ်သွားမှာပါ။ သူငယ်တန်း ကနေလေးတန်းအထိဆိုတော့ ကျောင်းသားငါးထောင် တိုးသွားမှာပေါ့။ ထောက်ပံ့ကြေးကတော့ အရင်အတိုင်းပါပဲ" ဟုပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မူလတန်းအဆင့်အတွက် တစ်လလျှင် ကျပ်ငါးထောင်၊ အလယ်တန်းအဆင့်အတွက် ကျပ်ခြောက် ထောင်နှင့် အထက်တန်းအဆင့်အတွက် ကျပ်ရှစ်ထောင်ကိုနှစ်စဉ်ဇွန်လမှ မတ်လအထိပညာသင် ထောက်ပံ့ကြေး ချီးမြှင့်နေကြောင်းသိရသည်။
အဆိုပါပညာသင်ထောက်ပံ့ကြေးအစီစဉ်ကို အစိုးရသစ်လက်ထက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါး၍ ပညာထူးချွန်သော ကျောင်းသားများကို အတန်းတစ်တန်းလျှင် ကျောင်းသားတစ် ထောင်နှုန်းဖြင့် ရွေးချယ်ပေးအပ်နေကာ ယခုအခါမူလတန်းအဆင့်တွင် ကျောင်းသားနှစ်ထောင်စီ ရွေး ချယ်မည်ဖြစ်သည်။
ပညာသင်ထောက်ပံ့ကြေးလျှောက်ထားရန် သတ်မှတ်ချက်နှင့်ပြည့်စုံသော ကျောင်းသားများသည် မြို့နယ်ပညာရေးမှူးရုံးသို့ အဆိုပြုတင်ပြလျှောက်ထားရမည်ဖြစ်ပြီး ထောက်ပံ့ကြေးရရှိသော ကျောင်း သားများသည် အတန်းစဉ်အောင်မြင်မှသာ နောင်ပညာသင်နှစ်အတွက် ဆက်လက်ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

7Day News Journal
Vol.12, No.51, Feb.26, 2014

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top