0
 
ပင်လယ်နက် ဒေသထဲက ယူကရိန်းနိုင်ငံပိုင် လေဆိပ်ကို သိမ်းပိုက်ထားတဲ့ အမည်မသိ လက်ကိုင်တပ်တွေဟာ ရုရှားတပ်တွေ မဟုတ်ဘူးလို့ ရုရှားရဲ့ ပင်လယ်နက် ရေတပ်စစ်တိုင်းက ပြောလိုက်ပါတယ်။

ရုရှားလူဦးရေ အများစု ရှိတဲ့ Crimea ဒေသထဲက Simferopol မြို့ လေဆိပ်ကို ဒီနေ့ သိမ်းပိုက်ထားတဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့ဟာ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး လွတ်လွတ်လပ်လပ် သွားလာနေကြတာကို ရိုက်တာသတင်းမှာ တွေ့ရပါတယ်။

အဲဒီဒေသဟာ ရုရှားရေတပ်ရဲ့ ပင်လယ်နက် စစ်တိုင်း အခြေစိုက်ပေမယ့် ယူကရိန်း နိုင်ငံပိုင် လေဆိပ်ကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်တွေဟာ ရုရှားရေတပ်က မဟုတ်ဘူးလို့ ပင်လယ်နက် စစ်တိုင်းက Interfax သတင်းဌာနကို ပြောထားပါတယ်။

ပင်လယ်နက် ကျွန်းဆယ် ဒေသမှာ ရုရှာနွယ်ဖွားတွေ အများနေထိုင်ကြပြီး ဖြုတ်ချခံလိုက်ရတဲ့ ဗစ်တာ ယာနူကိုဗစ်ရဲ့ နောက်ဆုံး ခံကတုတ်လည်း ဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့တွေကို စေတနာနဲ့ အကူအညီပေးတဲ့ အမျိုးသားတယောက်ကတော့ လက်နက်ကိုင်အဖွဲ့ဟာ “Crimea ဒေသရဲ့ ပြည်သူ့စစ်တွေ”လို့ ပြောပါတယ်။

နယ်ခံ နောက် တယောက်ကတော့ လက်နက်ကိုင်အဖွဲ့တွေဟာ ည ၁၀
နာရီလောက်မှာ ရောက်လာတယ်လို့ပြောပါတယ်။ ဘယ်ကနေ ရောက်လာသလဲဆိုတာကို သူတို့လည်း မသိဘူးလို့ ပြောပါတယ်။

ရုရှား အစိုးရကတော့ သမ္မတ ပူတင်က ရုရှားအစိုးရနဲ့ ယူကရိန်အစိုးရတို့ စီးပွားရေးနဲ့ကုန်သွယ်ရေး ကိစ္စကို ဆက်နွေးနွေးဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ Crimea က အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အကူအညီတွေ တောင်းခံလာရင် လူသားချင်းစာနာတဲ့ အကူအညီတွေက လွဲလို့ တိုက်ရိုက် စွက်ဖက်မှုတွေကို ရှောင်ရှားဖို့ အမိန့်ပေးထားတယ်လို့ ရုရှားအစိုးရက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လက်နက်ကိုင်တွေဟာ လေဆိပ်တ၀ိုက်မှာ ကင်းလှည့်နေပေမယ့် ခရီးသွားတွေကို အနှောင့်အယှက်မပေးဘဲ လေယာဉ်ခရီးစဉ်တွေလည်း ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။

By webteam (ဒီဗွီဘီ)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top