0
 

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ကျောင်းစရိတ်ထောက်ပံ့ကြေးပေးအပ်ရန် အစိုးရနှင့်ကမ္ဘာ့ဘဏ်ချေးငွေမှ ကျပ်သန်းသုံးသောင်းကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
မူလတန်းအဆင့် ကျောင်းသားဦးရေပေါ်မူတည်၍ ကျောင်းစရိတ်ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး အစိုးရ ကကျပ်သန်းတစ်သောင်းခုနှစ်ထောင်ကျော်နှင့် ကမ္ဘာ့ဘဏ်ချေးငွေက ကျပ်သန်းတစ်သောင်းငါး ထောင်ကျော် သုံးစွဲမည်ဖြစ်သည်။
မူလတန်းအဆင့်ကျောင်းသားတစ်ရာအောက်ရှိသော အခြေခံပညာကျောင်းတစ်ကျောင်းအတွက် ကျပ်ခြောက်သိန်း၊ တစ်ရာမှနှစ်ရာကြားအတွက် ကျပ်ရှစ်သိန်း၊ ၂၀၁ မှ ၃၀၀ ကြားအတွက် ကျပ် ၁၀ သိန်း၊ ၃၀၁ မှ ၄၀၀ ကြား ၁၂ သိန်းနှင့် ၄၀၁ နှင့်အထက်အတွက်ကျပ် ၁၄ သိန်းကိုကျောင်းစရိတ် ထောက်ပံ့ကြေးပေးသွားမည်ဖြစ်သည်။
"ကျောင်းခွဲသေးသေးလေးတွေကို ကျပ်လေးသိန်းပေးသွားမယ်။ အစိုးရအသုံးစရိတ်နဲ့ ကမ္ဘာ့ဘဏ် ပေါင်းပေးတာပါ။ မူလတန်းကျောင်းသားတွေကို အခြေခံတွက်ချက်ပြီးပေးတာပါ" ဟု ပညာရေးစီမံ ကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းအသုံးစရိတ်နှင့်ပတ်သက်၍ အခက်အခဲဖြစ်ပေါ်နေရာ လာမည့် နှစ်တွင်ပထမဆုံးအနေဖြင့် ယခုကဲ့သို့ကျောင်းစရိတ်ထောက်ပံ့ကြေး သတ်မှတ်ပေးအပ်ရန် စီစဉ်လိုက် ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆၀ ရရှိထား ပြီး၎င်းကျောင်းစရိတ်ထောက်ပံ့ကြေး အပါအဝင်ပညာရေးအစီအစဉ်များအတွက် တစ်နှစ်လျှင် သန်း ၂၀ အသုံးပြုမည်ဖြစ်သည်။

7Day Daily
No.304, Feb.22, 2014

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top