0
 
၂၀၁၃-၁၄ ဘဏ္ဍာနှစ် ပထမ ၆ လ စာရင်းဇယားတွေအရ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ငွေဖောင်းပွမှုနှုန်း ၂ ဆ ကျော် ဖြစ်လာပြီး အခြေခံကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးဝင်းသန်းက ပြောပါတယ်။

ဒီအတွက် ပြည်သူတွေ တိုက်ရိုက်ထိခိုက်မှုဖြစ်ရလို့ အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပေးဖို့၊ ငွေလဲနှုန်း တည်ငြိမ်ရေးကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ငွေစာရင်းပူးပေါင်းကော်မတီက လွှတ်တော်ကိုတင်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ငွေဖောင်းပွမှုနှုန်း ၂ ဒဿမ ၂၈ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ မှာ ၂ ဒဿမ ၈၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၃-၁၄ ပထမ ၆ လမှာတော့ ၅ ဒဿမ ၇၇ အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top