ပုံမှာ တွေ့ရတဲ့ ကီးဘုတ်ကတော့ ကမ္ဘပေါ်မှာ
အရှည်ဆုံးလို့ သတ်မှတ်ထားတဲ့ ကီးဘုတ်ပင် ဖြစ်ပါတယ်။ လက်ရှိ စာရေးသူတို့
သုံးနေတဲ့ ကီးဘုတ်ထက် အဆပေါင်းများစွာ ရှည်ပါတယ်။ ထိုသို့ ရှည်ပေမယ့်လည်း
ရှေ့ဆုံး သုံးတန်းကသာ အသုံးဝင်ပြီး ကျန်ရှိတဲ့ နေရာတွေဟာ အသုံးမဝင်ပါဘူး။
ကီးဘုတ်နှင့် တွဲဖက်အသုံးပြုတဲ့ ကွန်ပျူတာကိုလည်း
ကီးဘုတ်ပုံသဏ္ဍန်ပြုလုပ်ပေး ထားပါတယ်။ ကီးဘုတ်နှင့် ကွန်ပျူတာဟာ အတော်လေး
ဝေးကွာသော်လည်း စာရိုက်ရာတွင် ရှင်းလင်း ပြတ်သားသော် စာလုံးတွေကို
မြင်တွေ့ရရန် လုပ်ပေးထား ပါတယ်။၎င်းကီးဘုတ်ကို Jean Shin ဆိုသူက အနုပညာ လက်ရာမြောက်စွာ တီထွင်ခဲ့တာဖြစ်ပြီး ကီး စုစုပေါင်း ၂၂၅၂၈ ပါရှိပါတယ်။ ထိုကီးဘုတ်ကို အံ့သြဖွယ်ရာ ကမ္ဘာ့အရှည်ဆုံး ကီးဘုတ် အဖြစ် စံချိန်တင် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။
ကျော်လင်းနိုင် (www.smart.com.mm)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.