
မြန်မာနိုင်ငံ၏ လူဦးရေအများ ဆုံးနေထိုင်ပြီး နိုင်ငံတကာအဆင့်မီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကြီးတွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်
တောင်သူနှင့် အခြေခံလူတန်းစား များကို လေဆိပ်နားနေဆောင်တွင် လူတစ်ဦးလျှင် ငွေကျပ်သုံးထောင် နှုန်းဖြင့် လိမ်လည်တောင်းခံမှုများ ရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာ တည်းမှ လူ ၃၃ ဦးလူကုန်ကူးခံခဲ့ ရသူများတွင် တစ်ဦးဖြစ်သူ ကိုသံ ချောင်း(ခ) ကိုအောင်အောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရပုံကို ပြည် ထောင်စုနေ့စဉ်သို့ ပြောသည်။
''ကျွန်တော်တို့ကို ထိုင်းအပေါ် လမ်းကပို့ပေးမယ်ဆိုပြီး ရန်ကုန် ရောက်တော့လေဆိပ်မြေပုံနဲ့ ဘယ် လိုသွား၊ ဘယ်မှာထိုင်နေလို့မှာပြီး ထိုင်နေစဉ် လူတစ်ဦးကခင်ဗျားတို့ ထိုင်းသွားကြမယ့်သူတွေဆိုတာ သိ တယ်။ လူကြီးတွေလာမစစ်အောင် လုပ်ပေးမယ်၊ တစ်ယောက်ကျပ် သုံးထောင်ပဲပေးရမယ်လို့ ပြော တယ်။ ဒါနဲ့ ကြောက်ကြောက်နဲ့ ပေးလိုက်ရပါတယ်'' ဟု ယင်းက ပြောသည်။
မြန်မာနိုင်ငံအနှံ့မှ တောင်သူ လယ်သမားများအနေဖြင့် မိသားစု ဦးရေတိုးတက်လာခြင်းနှင့် နေထိုင် စားသောက်ရေး အခက်အခဲများ ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဒေသများသို့ သွားရောက် လုပ်ကိုင်သောသူများကို လူကုန်ကူး သူများအနေဖြင့် မတရားငွေကြေး တောင်းခံမှုများပြုသည့်အပြင် လေ ဆိပ်အတွင်းတွင်ပါထပ်မံလိမ်လည် မှုများပြုလုပ်နေကြောင်း၊ ထိုင်း နိုင်ငံတွင်လည်း မိမိတို့လိမ်လည်ခံ ရမှုများကို ဌာနေသို့ တယ်လီဖုန်း ဖြင့် ပြန်လည်မပြောဆိုရဲကြဘဲ အဆင်ပြေသည်ဟုသာ ပြောဆိုရ ကြောင်း၊ အဆင်မပြေကြောင်း ပြောဆိုသူများကို တခြားသောနေရာ သို့ရောင်းချခြင်း၊ ရဲလက်အပ်ခြင်း များပြုလုပ်ကြောင်း သိရသည်။
လူကုန်ကူးသူများအနေဖြင့် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များထံ တစ်ဦးလျှင် ဘတ်ရှစ်ထောင်မှ ဘတ် နှစ်သောင်းအထိရရှိကြပြီး ထိုလူ ကုန်ကူးခံရသူများကို ဇိမ်ခံကား များအတွင်း ထိုင်းခုံတစ်ခုံလျှင် လူ သုံးဦးဆင့် ထိုင်းခိုင်းပြီးပို့ဆောင်ကြ သည့်အပြင် လုပ်အားခခေါင်းပုံ ဖြတ်မှုများလည်း ခံနေရကြောင်း သိရသည်။
စောကျော်ဝင်း
The Union Daily
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.