
“ MSF ကို တစ်ခြား နိုင်ငံတကာ အန်ဂျီအို (၂) ခု နဲ့ အတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရက ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အဓိကတော့ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရပါတယ်” ဟု သူက ပြောသည်။
MSF နှင့် အတူ ရပ်ဆိုင်းခံခဲ့ရသော အခြား နိုင်ငံတကာ အန်ဂျီအို (၂) ခုမှာ AFC ဟု အတိုကောက်ခေါ်သော Action Against Hunger နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် Muslim Aid တို့ဖြစ်ကြသည်။
ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းမှာ ၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပါရှိသော သဘောတူညီမူများကို ချိုးဖေါက်ကာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ လုပ်ကိုင်၍ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက ထုတ်ဖေါ်ပြောကြားသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခကြောင့် မြန်မာဘက်မှ ထွက်ပြေးလာသော မွတ်ဆလင် ဘင်္ဂလီများအား လက်ခံခြင်းဖြင့် သူ့နိုင်ငံအတွင်း ထိန်းနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးလာသူများကို လက်မခံရန်နှင့် အကူအညီများမှ မပေးရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။
၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ တားမြစ်ထားချက်ကို လိုက်နာခြင်းမရှိဘဲ ချိုးဖေါက်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မွတ်ဆလင်များကို အကူအညီနှင့် ဆေးဝါးများကုသပေးသခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုကာ ချုပ်ဆိုထားသော MoU ကို ဖျက်သိမ်းကာ သူတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်ဟု သိရသည်။
အလားတူ MSF အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က သူတို့နှင့် ချုပ်ဆိုထားသော MoU ကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်။
ရပ်ဆိုင်းရသည့် အကြောင်း အရင်းမှာ ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့သည် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်၍ ဖြစ်ကြောင်း သိရသည်။
သို့အတွက် MSF အား INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် အစိုးရ၏ ညွှန်ကြားချက်တွင် ပါရှိသည်ဟု သိရသည်။
(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.