
စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်က နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ဆန္ဒပြနေစဉ် ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ
အကူအညီပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရနှင့် သဘောတူညီမှုပြုလုပ်ထားခြင်းကို သက်တမ်းတိုးမပေးတော့ခြင်းဖြစ်ပြီး ဖေဖော်ဝါ ရီ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် ပြည်နယ်အစိုးရက ယင်းအဖွဲ့အား ခေါ်ယူတွေ့ဆုံ၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘MSF ရဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ဆက်လက်သက်တမ်းမတိုးတော့ဘူးလို့ ပြောတာပါ။ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်တဲ့အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့အပိုင်းက ကျန်းမာရေးဦးစီးက
ခေါ်ပြောမှာဖြစ်ပြီး အသင်းအဖွဲ့နဲ့ ဆိုင်တာတွေကျတော့ ပြည်ထဲရေးက ပြောမှာပါ။ ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး’’ ဟု ရခိုင်ပြည်နယ်အစိုးရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
ပြည်နယ်အစိုးရထံမှ အတည်ပြု ပြောကြားချက် ရရှိပြီးနောက် AZG သို့ ဆက်သွယ်မေးမြန်းသော်လည်း ရုံးချိန်လွန်သွား၍ မေးမြန်းနိုင်ခဲ့ခြင်းမရှိပေ။ ပြည်နယ်အစိုးရအနေဖြင့် ယနေ့ညနေ ၄ နာရီခွဲခန့်က ယင်း အဖွဲ့အား ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဆက်လက်မလုပ်ဆောင်ရန် ညွှန်ကြားသည်ဟု သတင်းရရှိကြောင်း၊ MSF မှ ၀န်ထမ်းအချို့မှာ ည ၇ နာရီ လေယာဉ်ဖြင့် စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်သွားသည်ဟု သိရကြောင်း စစ်တွေ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် MSF (AZG)၏ အကူအညီ ပေးမှုများသည် မျှတမှုမရှိဟု ယူဆသောကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ အကူအညီပေးရေး သက်တမ်းဆက်လက်မတိုးရန် ပြည်နယ်အစိုးရက ပြောကြားခဲ့ခြင်းဖြစ်သည်။
MSF အား ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုများခွင့်မပြုရန်၊ မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်ရန်၊ အကူအညီပေးရေး သဘောတူညီမှု (MOU) အား ဆက်လက်သက်တမ်းမတိုးရန် သမ္မတရုံးက ညွှန်ကြားသည်ဟု ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်တွင် သတင်းများ ထွက်ပေါ်ခဲ့ရာ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သည်။
နိုင်ငံတကာ အကူအညီပေး ရေးအဖွဲ့အစည်းများ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရေး၊ နှစ်ဖက် လူ့အဖွဲ့အစည်းအား မျှတစွာအ ကူအညီပေးရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သံသယများ မဖြစ်ပေါ်စေရန် ဒေသခံရပ်မိရပ် ဖများနှင့် လက်တွဲလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရက ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။
MSF အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
Author: ရဲနောင်
7day Daily
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.