0
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကောက်ခံနေသော အခွန်များကို လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ကြီးကြပ်မည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
“ပြည်တွင်း အခွန်အပြင် စည်ပင်ကိုပါ အခွန်ဘုတ်အဖွဲ့က ဦးစီးလုပ်ဆောင်မှာပါ။ အခွန်ကောက်တဲ့ အဖွဲ့တွေထဲမှာ အခွန်ဘုတ်အဖွဲ့က အကြီးဆုံးပါပဲ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ပြည်တွင်းအခွန်များ ဦးစီးဌာနကို ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) တွင် စတင်ကိုင်တွယ်ရာ တိုးတက်မှုများ ရှိသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုပါ ဦးစီးလုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့၏ ဦးစီးလုပ်ဆောင်မှု များကြောင့် အခွန်ကောက်ခံရရှိမှု ပမာဏအပြင် အခွန်ထမ်းဦးရေလည်း တိုးတက်လာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အခွန်ဘုတ်အဖွဲ့က တိုက်ရိုက် ညွှန်ကြားထားခြင်းမျိုး မရှိသေးဘဲ ပူးပေါင်း လုပ်ဆောင်ပေးပါဟူ၍သာ ပြောဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ဒုတိယဌာနမှူး ဦးဉာဏ်ထွန်းအောင်က ပြောကြားသည်။
“အစည်းအဝေးတော့ သူတို့ခေါ်ရင် သွားတက်ရတယ်။ လုပ်ငန်းရှင်တွေကို အခွန်ကောက်ရာမှာ ကူညီပေးပါဆိုလို့ သွားတက်ပေးရတာပါ။ ကျွန်တော်တို့ကို ကိုင်တွယ်မယ်လို့ တိုက်ရိုက် အကြောင်းကြားထားခြင်းတော့ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။

The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top