0
Hlaing
လက်ရှိ လှိုင်တက္ကသိုလ်ဝင်းထဲမှာ MICT Park ထဲမှာ အဆောက်အအုံ သစ်ကြီးများ တည်ဆောက် လာတာကို ရန်ကုန်မှာ နေထိုင်သူ၊ နည်းပညာ လိုက်စားသူ အများအပြား သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။ ရန်ကုန် မြို့က နည်းပညာ ဆိုင်ရာ လုပ်ငန်း အများစုလည်း ယင်းအထဲမှာ သွားစု နေပါ တယ်။ သူ့ ဝဘ်ဆိုဒ် လိပ်စာ ကတော့ http://www.mictdc.com.mm/ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အိုင်တီ အဖွဲ့အစည်းကြီးများက နေပြီးတော့ ငွေကြးများစွာ ရင်းနှီးမြှုပ်နှံပြီး အဆောက်အအုံ သစ်များ တည်ဆောက်လျက် ရှိပါတယ်။ အိုင်တီ ပညာရေး အတွက်ကော၊ အိုင်တီဆိုင်ရာ လုပ်ငန်း အတွက်ကော အသုံးပြုနိုင်စေရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။ လက်ရှိ ကြားနေရတဲ့ သတင်း ကတော့ ယင်း နယ်မြေက အခန်းများက ဈေးကြီးမားခြင်း ဖြစ်ပါ တယ်။ အသစ်ဆောက်နေတဲ့ တိုက်ကော၊ ဆောက်လက်စ ကော၊ တည်ဆောက်ပြီး ကြာနေပြီ ဖြစ်တဲ့ တိုက်တွေမှာကော အခန်းများ ဖွဲ့ထားပါတယ်။
အိုင်တီ ဆိုင်ရာ လုပ်ငန်း၊ စင်တာ ဖွင့်ဖို့ အတွက်ပါ။ အငှားစရိတ် အင်မတန် ဈေးကြီးကြောင်း ဆိုပါတယ်။ အဝယ် လက်ခံ မခံ တော့ မသိပါဘူး။ ပြီးတော့ အိုင်တီနဲ့ သိပ် မသက်ဆိုင်တဲ့ လုပ်ငန်းအချို့လည်း ရှိနေကြောင်း ဆိုပါတယ်။ သို့ပေမယ့် အများစုက အိုင်တီလုပ်ငန်းတွေပါ။ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာပြည်ရဲ့  အိုင်တီ နည်းပညာ မျှဝေပွဲ ဘားကမ့် (http://www.barcampyangon.org/) ကိုလည်း ပုံမှန် ကျင်းပ ပါတယ်။ ACE, MIT, Redlink, Ooredoo အပြင် မြန်မာပြည်ရဲ့ အကြီးဆုံး အိုင်တီ သင်တန်းကျောင်းနဲ့ စာမေးပွဲ ဖြေစရာ နိုင်ငံတကာ အသိအမှတ်ပြု စင်တာများလည်း စုဝေး တည်ရှိ နေပါတယ်။ ဒီတော့ တစ်နေ့တစ်ချိန် မှာ မြန်မာပြည်ရဲ့  ဆီလီကွန် ဗယ်လီ ဖြစ်မလာဘူး လို့ ပြောလို့ မရ ပါဘူး။ ဒါကြောင့်မို့လည်း အိုင်တီ လုပ်ငန်း အများစုဟာ လှိုင်မြို့နယ် အတွင်းက နေရာများကို စိတ်ဝင်တစား ရှိလာကြပါတယ်။ MICT ဝန်းဝိုင်း အထဲ မှာ မငှားနိုင်သူများက၊ အခက်အခဲ ရှိသူများက MICT နဲ့ နီးတဲ့ လှိုင်နယ်မြေ ထဲက လုံးချင်း အိမ်များ၊ ကွန်ဒိုများကို ရှာဖွေ ကြ ပါတယ်။ အချို့ကျတော့လည်း ရန်ကုန်ရဲ့ ဘယ်နားပဲ ဖြစ်ဖြစ် အဆင်ပြေ သလို ရုံးခန်းဖွင့် လုပ်ကိုင် ကြ ပါတယ်။ ဒါကြောင့်မို့ လှိုင်တက္ကသိုလ် နယ်မြေနဲ့ ပတ်ဝန်းကျင် ဟာ မြန်မာပြည်ရဲ့ ဆီလီကွန် တောင်ကြား ဖြစ်လာလာ မလား ဆိုတာ စဉ်းစား ခန့်မှန်းစရာ ဖြစ်လာ ပါတယ်။ . 

Aung Kham
( www.smart.com.mm )

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top