0
 
နေပြည်တော်၊ မဇ္ဈိမ။ ။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား သမ္မတ၏လျာထားချက် အတိုင်း သမ္မတက ရွေးချယ်ထားသည့် ကော်မရှင်အဖွဲ့ဝင် ငါးဦးထဲမှလည်းကောင်း၊ ကျန်အဖွဲ့ဝင် ၁ဝ ဦး တို့ကိုလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ရွေးချယ်ထားသည့် ပုဂ္ဂိုလ် ငါးဦးစီတို့ဖြင့် လည်းကောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြု ဖွဲ့စည်းနိုင် ခဲ့သည်။

အဆိုပါကော်မရှင်၏ လုပ်ငန်းများ အောင်မြင်ရေးအတွက် သီးခြားလွတ်လပ်၍ သိက္ခာရှိသော တတိယ အဖွဲ့က စောင့်ကြည့်ပေးရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

“အခုကော်မရှင်က အစိုးရဘက်နဲ့ လွှတ်တော်ဘက် နှစ်ဖက်ပေါင်းဖွဲ့လိုက်တာပဲ။ ဒါပေမဲ့ ဒီအဖွဲ့ကို စောင် ကြည့် လေ့လာမယ့် ကိုယ့်စရိတ်နဲ့ကိုယ်ကိုယ့် အသိစိတ်နဲ့ကိုယ် နိုင်ငံတော်မှာ အများ ယုံကြည်ကိုးစားတဲ့ သီလ၊ သမာဓိ၊ သိက္ခာရှိတဲ့ လူတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့ရှိဖို့လိုတယ်၊ အခုအဖွဲ့က လွတ်လပ်တဲ့အဖွဲ့ မဟုတ် ဘူး၊ ဥပမာ-အဂတိ တကယ်လုပ်နေတဲ့လူတွေက အာဏာရှိသူတွေဆိုရင် သတ္တိရှိရှိ ဖော်ထုတ်ရဲပါ့မလား၊ ဒါကြောင့် တတိယအဖွဲ့ လိုအပ်နေတယ်” ဟု အဆိုပါကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က အတည် ပြုဖွဲ့ စည်းအပြီး အစည်းအဝေး ခေတ္တနားချိန်တွင် ၎င်းကပြောခြင်း ဖြစ်သည်။

သမ္မတက ရွေးချယ်ပေးသော ငါးဦးတွင် ဗိုလ်ချုပ်ဟောင်း ဦးမြဝင်းက ကော်မရှင်ဥက္ကဋ္ဌ၊ သံအမတ်ကြီး ဟောင်း ဦးတင်ဦးက အတွင်းရေးမှူး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အငြိမ်းစားညွှန်ချုပ်တစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ညွှန်မှူးဟောင်း တစ်ဦးစီတို့ပါဝင်သဖြင့် အစိုးရအဖွဲ့ဘက် မှ ပို၍ အားကောင်းနေကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တို့က ဝေဖန်ကြသည် “ အခုဟာက လွတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်ခဲ့ကြရတာ မဟုတ်ဘူး။ အမှန်က ကိုယ်စားလှယ်တွေကကိုယ် ယုံကြည်တဲ့သူတွေ အမည်စာရင်းကို လွှတ်တော်ကိုတင်ပြီး လွှတ်တော်ကနေ အများဆန္ဒနဲ့ ပြန်ရွေးရတာ မျိုး ဖြစ်သင့်တယ်၊ အခုက ငြင်းပယ်ပိုင်ခွင့် မရှိလို့သာ သဘောတူလိုက်ရတာ၊ တခြား ကိစ္စတွေမှာလည်း ဒီလိုပဲလေ” ဟု ယခု ရွေးချယ်မှုပုံစံ အပေါ် ဦးဝင်းမြင့်က ရှင်းပြခဲ့သည်။

မည်သို့ဆိုစေ ကော်မရှင်က လက်တွေ့ကျကျထိထိရောက်ရောက် ရဲရဲဝံ့ဝံ့လုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကရှိနှင့် ပြီးသားဖြစ်၍ အမှန်တကယ် ပပျောက်စေလိုသည့် စိတ် ဆန္ဒရှိဖို့နှင့် တိတိကျကျ ဆောင်ရွက်နိုင်ဖို့သာ လိုအပ်ကြောင်း၊ အကယ်၍ လျော့ရိလျော့ရဲဖြင့် ကိုင်တွယ် ဆောင်ရွက်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ယခင်ကဲ့သို့ပင် လာဘ်ပေးလာဘ်ယူ နာမည်ပျက်စာရင်းဝင် နိုင်ငံအဆင့်မှာပဲ ရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

ထို့အပြင် ၎င်းက “လာဘ်ပေးလာဘ်ယူ ပပျောက်ရေးမှာ ကော်မရှင်မှာပဲ တာဝန်ရှိတာ မဟုတ်ဘူး၊ သက် ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်၊ ပြည်သူလူထုမှာရော မီဒီယာမှာပါ တာဝန်ရှိ တယ်။ ဒါမျိုးက တိုးတိုးတိတ်တိတ်ပဲ လုပ်ကြတဲ့ကိစ္စ ဘယ်သူမှ လူသိရှင်ကြား မလုပ်ဘူး။ ဒီတော့အားလုံး က မျက်လုံး ဒေါက်ထောက်ကြည့်ပြီး ကူညီဖော်ထုတ်ကြမှ အောင်မြင်မှာ” ဟုလည်း သုံးသပ် ပြောကြားခဲ့ သည်။

၂ဝ၁၃ တွင် အစိုးရအဖွဲ့ဘက်က ဖွဲ့ စည်းခဲ့သည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌဖြစ် သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရှိခဲ့ရာမှ ယခုကဲ့သို့ လွှတ်တော်ဘက်က ရွေးချယ်သူ တို့ ပါဝင်ခွင့်ရသော ကော်မရှင် ပေါ်ပေါက်လာခြင်းသည် ပိုမိုကောင်းမွန်လှကြောင်း၊ သို့ရာတွင် ကျန်ရှိ သော အစိုးရသက်တမ်း နှစ်နှစ်တာအတွင်း အဆိုပါ ကော်မရှင်က ထိထိရောက်ရောက် လုပ်ဆောင်ပြနိုင် ဖို့ လိုအပ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“ကျန်တဲ့အစိုးရသက်တမ်း နှစ်နှစ်မှာ ဒီကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို ပြရမယ်၊ ကမ္ဘာမှာ မြန်မာနိုင်ငံ ဟာ လာဘ်ပေး လာဘ်ယူကိစ္စမှာ အရမ်းနာမည်ကြီးတယ်၊ ဒီတော့ ကျန်တဲ့နှစ်နှစ်ထဲမှာ ဘာလုပ်ဆောင် ချက်မှ မပြနိုင်ရင်တော့ မဖြစ်ဘူးဗျ၊ လာဘ်ပေးလာဘ်ယူတွေ ရှိနေရဲ့သားနဲ့ကို ဖမ်းပေးမယ့် အဖွဲ့မရှိခဲ့လို့၊ အခုဖမ်းမယ့် အဖွဲ့ကရှိလာပြီ၊ ဒီတော့ ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ အရေးမကြီးဘူး၊ ကြောင်ဖြူပဲ ဖြစ် ဖြစ်၊ ကြောင်မည်းပဲ ဖြစ်ဖြစ် ကြွက်မိဖို့က အရေးကြီးတယ်” ဟု ၄င်းက ယနေ့ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက် အစီအစဉ်အပြီးတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိရောက်သည့် ဆောင်ရွက်မှုဖြစ်ရေးအတွက် သံသယရှိသူ၏ ပိုင်ဆိုင်မှုများကို မွှေနှောက်စိစစ် ပြီး ဖော်ထုတ်ခြင်းမျိုးများကိုပါ လုပ်သင့်ကြောင်း၊ ယခုကော်မရှင်သည် ပြဿနာများတင်ပြလာမှ ဖြေရှင်းပေးရ သည့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကဲ့သို့မဟုတ်ဘဲ ပြဿနာများတင်ပြလာခြင်း မရှိသည့်တိုင် ကော်မရှင်ကိုယ် နှိုက်က လိုက်လံရှာဖွေ ဖော်ထုတ်ရမည် ဖြစ်ကြောင်း၊ ထိုကြောင့် ကော်မရှင်၏တာဝန်မှာ များပြားသည် နှင့်အမျှ ဖွဲ့စည်းပြီး ပထမခြောက်လအတွင်းမှာပင် ထိရောက်သော လုပ်ဆောင်ချက်များ ပြသနိုင်ဖို့ လိုအပ် ကြောင်းနှင့် ကော်မရှင်၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးရာထူးတို့ကို အစိုးရအဖွဲ့၏ ရွေးချယ်ခံ ငါးဦးတို့ဘက်က ရယူထားခြင်းကြောင့် အစိုးရ အဖွဲ့ဘက်တွင် ပို၍ တာဝန်ကြီးမားနေကြောင်းလည်း ၎င်းက သုံးသပ်ပြော ကြားခဲ့သည်။

စိုးသန်းလင်း
Mizzima - News in Burmese

Post a Comment

 
Top